အပိုင်း(၁၉) (completed)

2K 64 6
                                    

"မ...."
မာန်ပျော်နေသည်။
"မ....ပြောတော့ အိမ်မှာဘဲနေချင်တာဆို"

"အင်း....အရင်ကတော့ အဲ့လိုဘဲ"

"အခုတော့..."
မာန် ရိုးရာ ခေါင်းလေးကိုင်ပြီး မေးလိုက်သည်။

"အခုတော့ မာန်ကို တစ်ယောက်တည်း စိတ်မချဘူး။မာန်က ကျောင်းတက်ရင်းနဲ့ ကောင်မလေးတွေနဲ့တွဲရင် ဘယ်လိုလုပ်မလဲ။မ....စိတ်မချပါဘူး မာန်ကို။မရဲ့မာန်ကို ကြိုက်တဲ့သူတွေက ပေါပါဘိနဲ့...."

"ဟား....မကလည်းဗျာ။ကျွန်တော်က မကိုဘဲ ချစ်တယ်။မတစ်ယောက်ကို...မြင်တာပါဗျာ"

မာန်.....အမြဲတမ်း ဒီလိုပျော်ရွှင်နိုင်ပါစေ....

"မ....ကျွန်တော့်ကို ဘာလို့ အဲ့လောက်ကြည့်နေရတာလဲ"
မာန်ပုံစံက နည်းနည်းစိုးရိမ်သွားပုံပေါ်သည်။

"မာန်ကို လွမ်းနေခဲ့ရတာလေ မာန်ရယ်....အခုမှတွေ့တာကို ၀အောင်ကြည့်ပါရစေ"
ရိုးရာ မာန်နှာဖျားလေးကို တို့လိုက်သည်။

"ကြည့်ပါဗျာ...ကြည့်ပါ"
"မ ကျွန်တော် နောက်အပတ်ဆိုရင် ပုဂံက ‌ဟိုတယ်ကို သွားပြီး စစ်ဆေးရမှာ....မ လိုက်မလားဟင်"

"အင်း....လိုက်ခဲ့မယ်လေ။မ သဘက်ခါလောက် အလုပ်လျောက်ပြီးရင် အားပြီ။အလုပ်ကလည်း ချက်ချင်းခေါ်မှာ မဟုတ်သေးဘူးလေ"

"ကျွန်တော်ကတော့ မ ကို အလုပ်မလုပ်စေချင်ပါဘူး။ဒါပေမယ့် အခုချိန်မှာ ကျွန်တော်က မ ကို ဆိုင်သာဆိုင်တာ၊မပိုင်သေးဘူးလေ။ကျွန်တော်နဲ့ရပြီးရင်တော့ မ ဘာမှမလုပ်ရဘူးနော်။ကျွန်တော်ဘေးမှာ ရှိနေရင်ကို ရပြီ...."

ရိုးရာ နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိသွားသည်။
မာန်လောက် နူးညံ့တဲ့သူ ဘယ်သူရှိဦးမလဲ။မာန်လောက် သူ့ကို အလိုလိုက်တဲ့သူ ဘယ်သူရှိဦးမလဲ။ဒီလိုလူမျိုးက သူ့ကို ဒုက္ခပေးမည်တဲ့လား.....
++++++++++++++
နောက်ဆုံးတော့ ပုဂံကို ရောက်ခဲ့ပြီ.....
လမ်းတွင် ရိုးရာ ရေစကြိုထန်းသီးမုန့်စားချင်သည်ဟု
ဆိုသဖြင့် မာန်က ၀ယ်ပေးခဲ့သေးသည်။

ရောက်တဲ့တစ်ရက်ကတော့ မာန် အလုပ်ကိစ္စများကြောင့် မအားလပ်သဖြင့် ဘယ်မှ မလည်ရ။ရိုးရာကတော့ ဟိုတယ်ခန်းထဲတွင်သာ နေပြီး အိပ်လိုက်၊စားလိုက်၊TV ကြည့်လိုက် လုပ်နေရသည်။မာန်က သူမပါဘဲ ရိုးရာကို ဘယ်မှမသွားခိုင်း။

Has llegado al final de las partes publicadas.

⏰ Última actualización: Aug 14, 2020 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

ရိုးရာမာန်Donde viven las historias. Descúbrelo ahora