"မ...ကျွန်တော်ရောက်ပြီ ..ထွက်ခဲ့တော့။ဆံပင်ကို ဘာမှမလုပ်ခဲ့နဲ့နော်။ဒီတိုင်းလေးဘဲ လာခဲ့""ဘာလို့လဲ ...."
"လှလို့.."
ရိုးရာ စီးထားတဲ့ဆံပင်လေးကို ဖြည်လိုက်ပြီး မာန်ဆီ ထွက်လာခဲ့သည်။
မာန်က ကားလေးကိုမှီရပ်ပြီး လက်ကလေးပိုက်နေသည်။
ရိုးရာကိုမြင်တော့ ကားတံခါးဖွင့်ပေးသည်။
"မ ဘာစားချင်လဲ"
"မာန် အဆင်ပြေတဲ့ဆီဘဲ သွားလေ။မ က ဘာနေနေအဆင်ပြေတယ်"
ကော်ဖီဆိုင်ထိုင်ကြရင်းတော့ မာန်က စက္ကူအိတ်လှလှလေးတစ်လုံကို မ အားပေးလိုက်သည်။
"မ ဖို့"ရိုးရာ စက္ကူအိတ်ထဲကြည့်လိုက်တော့ ခေါင်းစီကွင်း၊ဆံညှပ်၊ကလစ်လှလှလေးတွေ အမျိုးစုံနေသည်။
"ဟာ... မ အကြိုက်တွေချည်းဘဲ "
"ကျေးဇူးပါ မာန်"
ရိုးရာ ၀မ်းသာအားရဖြင့် ခေါင်းစီးကွင်းနီနီအမွှေးပွပွလေးတစ်ခုကို ယူစီးရင်း ပြောလိုက်သည်။မာန်ကတော့ သဘောကျစွာဖြင့် ရိုးရာကို ကြည့်နေသည်။
"မာန် ကောင်းမြတ် အိမ်ပြန်ရောက်ပြီလား"
"အင်း ပြန်ရောက်ပြီ"
မာန်ပုံစံက နည်းနည်းစိတ်ရှုပ်သွားပုံပေါ်သည်။"မ ဒီနေ့ tuto ဖြေစရာရှိလား.."
"မရှိဘူး ဘာလို့လဲ"
"ကျွန်တော် ကျောင်းမသွားချင်လို့"
"မလည်း မသွားတော့ဘူး....တစ်နေရာရာ သွားရအောင်လေ။"
ရိုးရာက မာန်တခုခုဖြစ်နေသည်ကို ရိပ်မိ၍ မာန်နားမှာရှိနေပေးချင်သည်။မာန် သူ့ကိုလိုအပ်သည်...."ကန်တော်ကြီးသွားမယ်"
"အင်း..."
ရိုးရာတို့နှစ်ယောက် ကျောင်းဆိုပြီးထွက်လာတာ ကန်တော်ကြီးရောက်သွားသည်။မြက်ခင်းစိမ်းစိုစိုနှင့် ရောင်စုံလှပနေတဲ့ပန်းတွေကြောင့်လား မသိ၊မာန် စိတ်နည်းနည်းကြည်သွားပုံရသည်။မာန်တို့နှစ်ယောက် အပင်ကြီးအောက်က ခုံလေးပေါ်တွင် ထိုင်လိုက်ကြသည်။
JE LEEST
ရိုးရာမာန်
Algemene fictieသူ ဘာကြီးဘဲဖြစ်နေနေ၊ သူ သမီးကိုလိုအပ်နေတဲ့အချိန်မှာ သူ့ဘေးကနေ သမီးထွက်မသွားနိုင်ဘူး မေမေ။ လူတိုင်းအပေါ်မှာ မေတ္တာဂရုဏာထားဖို့ပြောခဲ့တဲ့မေမေက အခုလိုတော့ သမီးကို တကိုယ်ကောင်းမဆန်ခိုင်းလိုက်ပါနဲ့ မေမေရယ်။ #ရိုးရာမွန် လူတစ်ယောက် ရင့်ကျက်တယ် ဆိုတာ အသက...