"မာန်....."
"အခုဆိုရင် မာန်ဘေးမှာ မ ရှိနေပြီလေ။ မာန်နဲ့တူတူ အရာရာကို ရင်ဆိုင်ဖြေရှင်းဖို့ မ ရှိနေပြီ။မာန် ပင်ပမ်းတဲ့အခါ ခိုနားဖို့ မ ရင်ခွင်ရှိနေပြီလေ.....နော် "
ရိုးရာ မာန်ခေါင်းလေးကို သူ့ရင်ခွင့်ဆီဆွဲသွင်းလိုက်သည်။မ ရင်ခွင်ထဲတွင် သူလုံခြုံသွားသလို ခံစားရသည်။
အချစ်ဆိုတဲ့ အရာက.....ပျော်ရွှင်ဖို့သက်သက်ဘဲ မဟုတ်ခဲ့ဘူး။ပေးဆပ်ခြင်း၊မှီခိုခြင်း၊ခွင့်လွှတ်နားလည်ခြင်းဆိုတဲ့ အရာတွေရော ပေါင်းစပ်ပါ၀င်နေတယ်ဆိုတာကို မာန်နားလည်သွားခဲ့ပြီ.....ကျေးဇူးတင်ပါတယ် မ ...ရယ်။
+++++++++++++++"မ ကျွန်တော်တို့ ခရီးထွက်မယ် ဆိုပြီး မထွက်လိုက်ရဘူးနော်"
"အင်း ....ရပါတယ် မာန်ရဲ့။နောက်လည်း ကြုံဦးမှာဘဲ"
"ကြုံမှတော့ မသွားချင်ပါဘူး။ပျော်ရွှင်မှုဆိုတာ ဖန်တီးယူရတာ မ...ရဲ့"
မာန်ဆီက ဒီလိုစကားထွက်လာတော့ ရိုးရာ ပျော်ရွှင်ရသည်။မာန်လည်း.....အမြဲတမ်း ပျော်ရွှင်နိုင်ပါစေ။"သဘက်ခါသွားမယ်...မ"
"ဘယ်ကိုလဲ မာန်ရဲ့"
"ပုဂံသွားချင်လား....နီးနီးနားနားက ဒီးဒုတ်ရေပြာအိုင်ဘဲသွားချင်လား"
"ပုဂံဆိုရင် သုံးရက်လောက်မှ အဆင်ပြေမှာ။ဒီးဒုတ်ကတော့ နေ့ချင်းပြန်ရတယ်"
"ပုဂံလည်း ရပါတယ် မ...ရဲ့။ကျောင်းတစ်ရက်တော့ ပျက်မှာပေါ့"
"စာမေးပွဲနီးနေပြီလေ....မာန်ရဲ့။ဒီးဒုတ်ဘဲ သွားမယ်နော်"
" မ သဘော"
မင်းမြတ်နည်းနည်းတော့ သဘောကျဟန်မတူ။"မာန်...."
ရိုးရာ မာန်ရဲ့ပါးလေးကို ဖွဖွလေးနမ်းလိုက်သည်။"စိတ်မဆိုးနဲ့လေလို့......နောက်တစ်နှစ်ကျသွားလို့ရတာဘဲ"
"ဘယ်ရတော့မလဲ......မ က နောက်ဆုံးနှစ်ရောက်နေပြီလေ။စာတမ်းပြုစုရမှာနဲ့ လေ့ကျင့်ရေးဆင်းရမှာနဲ့ အရေးကြီးတယ် မရဲ့"
"ဟာာ....ရအောင်သွားမှာပေါ့ကွာ ....နော် နော်"
"အင်းပါ....ကျွန်တော် ဘာပြောလို့လဲ"
ВЫ ЧИТАЕТЕ
ရိုးရာမာန်
Художественная прозаသူ ဘာကြီးဘဲဖြစ်နေနေ၊ သူ သမီးကိုလိုအပ်နေတဲ့အချိန်မှာ သူ့ဘေးကနေ သမီးထွက်မသွားနိုင်ဘူး မေမေ။ လူတိုင်းအပေါ်မှာ မေတ္တာဂရုဏာထားဖို့ပြောခဲ့တဲ့မေမေက အခုလိုတော့ သမီးကို တကိုယ်ကောင်းမဆန်ခိုင်းလိုက်ပါနဲ့ မေမေရယ်။ #ရိုးရာမွန် လူတစ်ယောက် ရင့်ကျက်တယ် ဆိုတာ အသက...