အပိုင်း(၁၈)

849 44 0
                                    

ရိုးရာ မေမေ့ကို ကျောခိုင်းကာ ထွက်လာခဲ့သည်။
ကောင်းမြတ်ကတော့ သူ့အတွက် အကောင်းဆုံးအဖြေကို
ပေးနိုင်လိမ့်မည်။မာန်ကို မယုံကြည်လို့မဟုတ်။မာန်
ဘာဖြစ်နေနေ....ရိုးရာအတွက်တော့ မာန်ဟာ....မာန်ပါဘဲ။
ဒါပေမယ့် မေမေတို့ပြောနေတာသာ အမှန်ဆိုရင် မာန်သူ့ကို ပိုပြီး လိုအပ်မည်။မာန်ဘေးမှာ သူရှိနေမှ ရမည်။

"ကောင်းမြတ်....မောင်လေး..ကောင်းမြတ်"
ရိုးရာ မာန်တို့ ခြံ၀ကနေ အော်ခေါ်တော့ ကောင်းမြတ်ထွက်လာသည်။

"ဦးအေး ....မမကို တံခါးဖွင့်ပေးလိုက်ပါဦး"
ကောင်းမြတ် ခြံစောင့်ဦးလေးကို တံခါးဖွင့်ခိုင်းလိုက်သည်။

"မမ ကိုကိုက ပြန်သွားပြီလေ...."

"မမ မောင်လေးဆီလာတာ မေးစရာရှိလို့..."
ရိုးရာ အသံတို့က တုန်လှုပ်လျက်ရှိသည်။

"မမ ဘာဖြစ်လာတာလဲ....မေးစရာရှိရင်မေးလေ"

"မောင်လေး မမကို အမှန်တိုင်း ပြောပြပေးပါနော်....
နား သူတို့က စိတ္တဇဖြစ်နေတယ်လို့ ပြောနေကြတယ်။ ဒီကိစ္စ အမှန်ဆိုရင်တောင် မမ သူ့ဘေးမှာ ရှိပေးမှဖြစ်မယ်။သူ့ကို ပိုဂရုစိုက်ပေးဖို့ မမသိမှဖြစ်မယ်"

"ဟုတ်တယ်....မမ"
ကောင်းမြတ်က မျက်နှာငယ်လေးနှင့် ပြောလေသည်။

ရိုးရာ ရင်ထဲ ဒိန်းကနဲ ဆောင့်တက်သွားသည်။ဖြစ်ရလေ မာန်ရယ်......

"ကျွန်တော်ငယ်ငယ်ကပေါ့....ကိုကိုတစ်တန်းလောက်တုန်းက ဖေဖေက ဒေါ်ရီရီနွယ်အိမ်ကို ကျွန်တော်တို့ကို ခေါ်သွားခဲ့တယ်။အဲ့ဒီမှာ ကိုပိုင်ရော၊ရှင်းလေးရော၊ကျွန်တော်တို့နှစ်ယောက်ရော ဆိုတော့ ကလေးတွေစုံနေတာပေါ့။ဖေဖေက လူစုံတုန်းဆိုပြီး မြို့အနှံ့အလည်လိုက်ပို့တာ။ကိုပိုင်က သူ့ညီမရှင်းလေးကို အရမ်းချစ်တာလေ။။အရမ်းလည်း သ၀န်တိုတယ်။ကျွန်တော်နဲ့ ရှင်းလေးနဲ့ ရွယ်တူဆိုတော့ တူတူဆော့ကြရင်းနဲ့ ရှင်းလေးက သူလိုချင်တဲ့အရုပ်မရလို့ ငိုသွားတယ်။အဲ့မှာ ကိုယ်ပိုင်က ကျွန်တော့်ကြောင့်ဆိုပြီး....ကျွန်တော်ကို ရန်လုပ်ရင်းရေကန်ထဲ တွန်းချလိုက်တာ။ကိုကိုက မြင်ပေမယ့် အဲ့အချိန်တုန်းက ရေမကူးတတ်လို့ မကယ်နိုင်ဘူးလေ....ကိုကို ကြောက်လန့်ပြီး အော်မှ ဖေဖေက ကျွန်တော့ကို လာကယ်တာ။ကိုကိုက ဖေဖေ့လက်ထဲက ကျွန်တော့်ကိုလည်း မြင်ရော....ညီလေး ထဦးလေ....ထဦးလေ ဆိုပြီး လည်ပင်းညှစ်တာ...."
ကောင်းမြတ် မျက်ရည်ဝဲပြီး အသံတိမ်၀င်သွားသည်။

ရိုးရာမာန်Where stories live. Discover now