မာန်ဆီက သာမာန်ထက် တည်ငြိမ်အေးစက်နေတာကလွှဲရင် ဘာမှမူမမှန်တာမရှိပါ။
ရိုးရာဆီမှ စကားသံတို့ တိတ်ဆိတ်သွားတော့
"မ..."
မာန်က တိုးတိုးသာသာလေးခေါ်လိုက်သည်။"မာန်....."
"အရမ်းချစ်တယ်"
ရိုးရာ နှလုံးသားအနက်ရှိုင်းဆုံးကလာသော အသံဖြင့် ပြောလိုက်သည်။"အရမ်းချစ်တယ် မ..."
"အိပ်တော့နော်....နောက်ကျနေပြီ။အိပ်ရေးမပျက်စေနဲ့နော်""အင်း မာန်လည်း အိပ်တော့"
"Goodnight မ"
"Goodnight"
++++++++++++မာန် တကယ်ဘဲ ဒေါ်တင်ကို သတ်လိုက်တာလား။မဖြစ်နိုင်တာ မာန်က ......အဲ့လိုမှမဟုတ်တာ။စဉ်းစားကြည့်တော့မှ မာန်ရဲ့အကြောင်းကို ရိုးရာသိတာ ဘာမှမရှိ။သိတာဆိုလို့ တစ်ခုထဲဘဲရှိသည်။မာန် ရိုးရာကိုချစ်တယ်......
++++++++++
"မ "
မနက်စောသော ထုံးစံအတိုင်း မာန်ဆီက ဖုန်းလာသည်။"မ ဒီနေ့ အိမ်မှာ ခရေပန်းတွေပွင့်နေတာ ဝေလို့"
"ဟုတ်လား.....ညနေကျရင် မ လာကောက်လှည့်မယ်"
ခရေပန်းဆိုတဲ့အသံကြားတာနဲ့ ရိုးရာမျက်နှာလေး တောက်ပသွားသည်။"အင်း"
မာန် ဖုန်းပြောရင်း ပြုံးနေသည်။
++++++++++++
" မေမေ.....မင်းမြတ်မာန်က ခရေပန်းတွေပွင့်နေပြီပြောတယ် ။သွားကောက်လိုက်ဦးမယ်""မိုးမချုပ်စေနဲ့နော်။မျိုးမျိုးခေါ်ချင်ခေါ်သွား"
"ဟာာ.....မခေါ်တော့ဘူး။သမီးက ကလေးမှ မဟုတ်တော့တာ။"
"သွားပြီ"
ပြောပြောဆိုဆို ရိုးရာထွက်လာခဲ့သည်။
+++++++++++"မာန်"
မာန်ကိုတွေ့တော့ ရိုးရာရင်ထဲ ပြည့်စုံသွားသလို ခံစားမိသည်။"မ....."
မာန်က ရိုးရာနားကို ကပ်လာပြီး
"လွမ်းနေတာ..."
လို့ တိုးတိုးလေးပြောလိုက်သည်။"ဟီး.....မ ရောဘဲ"
နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ကြည်နူးနေကြသည်။မာန်က ရိုးရာကို ခရေပန်းဝိုင်းကောက်ပေးသည်။
"မ က ခရေပန်းကို ဘာလို့ကြိုက်ရတာလဲ"
BẠN ĐANG ĐỌC
ရိုးရာမာန်
Tiểu Thuyết Chungသူ ဘာကြီးဘဲဖြစ်နေနေ၊ သူ သမီးကိုလိုအပ်နေတဲ့အချိန်မှာ သူ့ဘေးကနေ သမီးထွက်မသွားနိုင်ဘူး မေမေ။ လူတိုင်းအပေါ်မှာ မေတ္တာဂရုဏာထားဖို့ပြောခဲ့တဲ့မေမေက အခုလိုတော့ သမီးကို တကိုယ်ကောင်းမဆန်ခိုင်းလိုက်ပါနဲ့ မေမေရယ်။ #ရိုးရာမွန် လူတစ်ယောက် ရင့်ကျက်တယ် ဆိုတာ အသက...