Unicode"ဟဲ့ သွန်း မပြီးသေးဘူးလား?
သွားမယ်လေ''"ငါ့ကို သွန်းလို့ မခေါ်ပါနဲ့ဆို မသာမရဲ့''
ရွှန်းလက်က ဇက်ကလေးပုပြီး
"ဟီး သွန်းလို့ခေါ်တာကို နှုတ်ကျိုးနေလို့ပါဟ ဘွာတေး ဘွာတေး ချမ်းလေးရေ''
ချမ်းက မျက်စောင်းလေးထိုးရင်း
"ဟွန့် အဲ့လိုလုပ်စမ်းပါ အရွှန်းမရဲ့''
"လာ လာ နင်တော်တော်စကားများတာပဲ သွားမယ်''
ချမ်းနဲ့ ရွှန်းလက်တို့ ဒီနေ့ အလုပ်ပိတ်ရက်မို့ အပြင်လျှောက်လည်ကြဖို့ တိုင်ပင်ထားသည်။
ရွှန်းလက်က. နိုင်ငံခြား Company တစ်ခုမှာ စာရင်းကိုင်လုပ်နေပြီး
Kpop သီချင်းတွေကို cover song ဆိုပြီး cover dance ကသူလည်းဖြစ်သည်။
Cele ပေါက်စလေးဆိုလည်း မမှားဘူး
ပေါ့။ ရွှန်းလက်က မိန်းခလေးဆိုပေမဲ့
ယောကျာ်းလေး ဆန်ဆန်ပဲ ဝတ်စားတတ်သည်။ဆံပင်က ဂုတ်လောက်ရှည်ပြီး
အမြဲတမ်း စမတ်ကျကျ နေတတ်တာကြောင့်မိန်းခလေးတော်တော်များများရဲ့
Ideal type လေးဆိုလည်း မမှားပေ။ွရွှန်းလက်ကိုဆို မမ မမ နဲ့
သည်းသည်းလှုပ်နေကြတဲ့
မိန်းခလေးတွေက တစ်ပုံတစ်ပင် ။ဒါပေမဲ့ ရွှန်းလက်က ခုချိန်ထိ ဘယ်သူ့ကိုမှ စိတ်မဝင်စား။
ဘာလို့ ရည်းစားမရတာလဲလို့ မေးလိုက်ရင်
ငါတကယ်ချစ်တဲ့သူကို မတွေ့သေးလို့ဟု ဖြေတတ်သည်။
ချမ်းလို့ ခေါ်တဲ့ သွန်းချမ်းမြေ့က တော့
ရွှန်းလက်နဲ့ တခြားစီ။အရပ်က ရွှန်းလက်ထက် အနည်းငယ်
ပိုရှည်ပြီး ယောကျာ်းလေးလိုရော
မိန်းခလေးလိုပါဝတ်စားဆင်ယင်တတ်သူ။ တော်ကီလည်း ကြွယ်တာကြောင့်
ချမ်းအနားမှာ ကောင်မလေးတွေဝိုင်းနေတတ်သည်။
ချမ်းက ဆောက်လုပ်ရေး company တစ်ခုမှာ အလုပ်လုပ်နေသူ။
ရည်းစားကတော့ ဘာရှုပ်သလဲ မမေးနဲ့။