••••••••
အိမ်ထောင်ရေးတစ်ခုမှာအချစ်ရယ်၊ကရုစိုက်မှုရယ်၊လေးစားမှုရယ်၊နားလည်မှုတွေရယ်ရှိမှခိုင်မြဲမှာလေ ကျွန်မဘ၀မှာဘာအရာမှမရှိခဲ့ဘူး။
နေ့တိုင်းအိမ်မှာပဲနေရတယ်။
အလုပ်လုပ်ချင်တယ်လို့ပြောတိုင်းသူကခွင့်မပြုဘူး။ "အလုပ်လုပ်ဖို့ငါတာ၀န်ပဲမင်းအိမ်မှာနေပြီးလုပ်သင့်တဲ့ဟာတွေလုပ်၊လိမ်လိမ်မာမာနေ ၊အဲ့ဒါကိုထပ်မပြောတော့နဲ့"ဆိုပဲ။မနက်မိုးလင်းတော့Chae တစ်ယောက်နိုးလာခဲ့သည်။ ဘေးနားကမဟေသီတော့မက်မောနေတုန်း။ Chae သူ့နှဖူးလေးကိုသာဖွဖွလေးနမ်းလိုက်သည်။
ပြီးတော့ရေချိုးခန်းထဲ၀င်သွားလိုက်သည်။
ရေမိုးချိုးပြီးပြန်ထွက်လာတော့
Lisa ကကုတင်ပေါ်မှာထိုင်ပြီးဖုန်းပြောနေသည်။
Chae ခေါင်းလျော်ထားလို့တပတ်ကိုယူကာသုတ်မလို့ရှိသေး။
Lisaသူ့လက်ထဲကတပတ်ကိုလှမ်းယူလိုက်ပြီးသူ့ကိုမှန်ခုံရှေ့
ပေါ်မှာထိုင်စေလိုက်သည်။ သူ့ဆံနွယ်လေးကိုခြောက်အောင်
Lisa သုတ်ပေးနေသည်။C:ရတယ်Chae ပဲသုတ်လိုက်ပါ့မယ်။
Chae တပတ်ကိုပြန်ဆွဲယူဖို့လုပ်နေ ဒါမဲ့ Lisa မပေးခဲ့ပေ။L:ငြိမ်ငြိမ်လေးပဲနေ။
ဆိုပြီးဆက်သုတ်ပေးနေပြီ။
Chae လည်းသူပြောသည့်အတိုင်းငြိမ်ငြိမ်လေးသာနေပေးတော့သည်။မှန်ထဲကမြင်နေရသောLisa ကိုပဲလှမ်းကြည့်နေလိုက်သည်။
ဆံပင်နည်းနည်းခြောက်သွားတော့မှသူChae ပုခုံးနှစ်ဖက်ကိုကိုင်လိုက်ပြီးနားရွတ်နားလေးတိုးကာ
L:ဒီနေ့ကိုယ်အလုပ်မသွားဘူး။နားကလာထိတိုက်နေသောလေပူပူနွေးနွေးကြောင့်Chae ကြက်သီးများပင်ထကုန်တော့သည်။ ခုအခြေအနေကChae အ၀တ်အစားမ၀တ်ရသေးပေ။ တပတ်နဲ့ပတ်ထားမိခဲ့သည်။
ပုခုံးနဲ့လည်တိုင်ကြားLisa ခေါင်းတိုး၀င်ကာမှန်ထဲကChae
မျက်နှာကိုကြည့်နေသည်။ သူကြည့်နေတာသိသော်လည်း
Chae ပြန်မကြည့်ခဲ့ပေ။ဒီလိုတစ်ယောက်နှင့်တစ်ယောက်နီးနီး
ကပ်ကပ်နေရတယ်ဆိုတာရှားပါး
လွန်းတယ်။
Lisa မှန်ထဲကသူ့မိန်းမရဲ့အစိတ်စိတ်အပိုင်းကိုလိုက်ကြည့်နေသည်။ ရွှေအိုရောင်ဆံပင်ဖြောင့်ဖြောင့်လေးရယ်၊မျက်ခုံးထူထူလေးရယ်၊နှာတံစင်းစင်းလေးရယ်၊နှုတ်ခမ်းဖူးဖူးလေးရယ်၊နောက်ပြီးတော့လည်တိုင်လေးကပေါ်နေသောသွေးကြောစိမ်းစိမ်းနေရယ်ပြီးတော့......
Lisa ဆက်ကြည့်လိုက်တော့မတွေ့ပေ။ ရင်သားပေါ်ကတပတ်ခံထားလို့။ Lisa အဲ့တပတ်ကိုပဲအပြစ်တင်လိုက်ချင်တယ်။
Lisa သူ့ကိုစိုက်ကြည့်နေတာသူတွေ့တော့ဖြူဖွေးနေသောပါးပြင်နှစ်ဖက်ပေါ်မှာ အပန်းရောင်
လေးသာလိမ်းချယ်နေတော့သ
ည်။
သူရှက်နေတော့Lisa အသည်း
ယားလာကာသူ့ပုခုံးပေါ်ကိုတစ်ချက်အနမ်းခြွေလိုက်သည်။
ပြီးတော့သူChae ကိုမျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်လိုက်ပြီးခါးကိုကုန်းကာChae
နှဖူးကိုတစ်ချက်ငုံ့နမ်းလိုက်သည်။
ထိုညင်သာမှုကိုChae ပျော်မိသည်။ Lisa ကဒီလိုတစ်ခါမှမလုပ်ဖူးတော့Chae ရင်တွေပါတစ်တိတ်တိတ်ခုန်နေရသည်။
Lisa ညာဖက်လက်က Chae ဘယ်ဖက်လက်ကိုကိုင်လိုက်ပြီး
Chae နှုတ်ခမ်းဖူးဖူးလေးကိုသာ
စားသုံးနေတော့သည်။ ချက်ချင်းပင်လန့်သွားသောကြောင့်Chae ထိုအနမ်းကိုမတုန့်ပြန်ဖြစ်။ နမ်းရင်းနမ်းရင်းကြမ်းလာကာLisa လျှာ၀င်ခွင့်တောင်းလိုက်သည်။ သို့ပေမဲ့Chae ပါးစပ်မဟပေးဘူး။
Lisa စိတ်တိုင်းမကျသောကြောင့် Chaeကိုဆွဲထပြီးခါးကိုတင်းကြပ်အောင်ဖက်ထားလိုက်သည်။ ပြီးတောChae နှုတ်ခမ်းကိုနောက်တစ်ဖန်စုတ်နမ်းလိုက်သည်။
ဒီတစ်ခါတော့နည်းနည်းကြမ်းနေသောChae အသက်ရူမရနိုင်တော့အဆုံးLisa ကိုတွန်းဖယ်ကာ။

YOU ARE READING
True love Right Person
Short Story#မင်းနားလေးမှာ တစ်သက်လုံးနေပေးချင်ပေမဲ့....# (Chaelisa) (Jenlisa)