********************
အချိန်က လူကိုပြောင်းလဲစေခဲ့ပေမဲ့၊ပြောင်းလဲမသွားနိုင်တဲ့
ကျွန်တော်တဲ့ စိတ်နှလုံးသားကသူမဆီပဲကိုဖြစ်မှဖြစ်နေတာ။သူမကိုနောက်ဆုံးတွေ့ဆုံခြင်းက ကျွန်တော်ရဲ့ မိုက်ရိုင်း
ယုတ်မာအပြုအမူကြောင့် အခုအချိန်မှာသူကျွန်တော်ကိုမုန်းများမုန်းသွားခဲ့ပြီလား။"သား Jinyoung "
သူငယ်ချင်းနဲ့လျောက်လည်ဖို့
ချိန်းထားခဲ့လို့ အ၀တ်အစားလဲကာ မနက်စာအတွက်စားဖို့မရည်ရွယ်ခဲ့ပဲနဲ့ ။ထွက်သွားဖို့တံခါးနားရောက်တော့မှ အဖေရဲ့ခေါ်သံကြောင့် သွားတဲ့ဆီကို ရပ်ပစ်လိုက်ပြီး ၕည့်ခန်းထဲရှိအဖေဆီကို လှည့်ကြည့်လိုက်သည်။"Nae Appa"
"ဒီမှာခနလာအုံး Appa ပြောစရာရှိလို့"
စိတ်ထဲမှာ ကြိုသိပြီးသား
Company အလုပ်ကူလုပ်ဖို့အတွက်မှလွှဲ ဘာမှမရှိနိုင်ခဲ့။ စိတ်ပြတ်လက်ပြတ်နဲ့ သူတို့မျက်နှာချင်းဆိုင်ရှေ့မှာ သွားထိုင်လိုက်သည်။"ဘယ်သွားမလို့လဲ? "
"နေ့တိုင်းလိုပဲ အဖေ"
"ဒီနေ့တော့ နင်အလုပ်လုပ်ရမှာ"
"ဟာ...အဖေကလည်း ကျွန်တော်သူငယ်ချင်းနဲ့ချိန်းတောင်ချိန်းထားပြီးပြီမသွားလို့မရတော့ဘူး"
"ဒီနေ့တော့ငါခိုင်းတာပဲလုပ်ရမှာ ထိုင်းနိုင်ငံက အစည်းအ၀ေး
ကိုဒီနေ့ငါသွားတက်ရောက်ရမှာမို့လို့ဒီမှာရှိတဲ့ DMNoBan Company က စီးပွားရေးပူးပေါင်း
ဖို့လက်မှတ်ရေးထိုးရန် ချိန်းထား
ရတယ်အဲ့ဒါ နင်တာ၀န်ယူရမှာ။ ""အာ...အဖေကလည်းကျွန်တော်မလုပ်ချင်ဘူးဗျ"
"နင်ဘယ်အချိန်ငါ့စကားနားထောင်မှာလဲ နင်အလုပ်လုပ်ဖို့အချိန်တန်ပြီ ဒါပဲငါဆုံးဖြတ်ပြီးသား သွားပြင်ဆင်လိုက်တော့"
"အဖေ.................."
"သားအဖေပြောသလိုပဲလိုက်လုပ်ပါတော့နော်နော်"
"အမေကလည်း သားသူငယ်ချင်းသားကိုစိတ်ဆိုးတော့မှာပဲ"
"အရေးကြီးတာနင့်သူငယ်ချင်းလားနင့်မိဘာလားရွှေးတော့အဲ့ဒါပဲ"

YOU ARE READING
True love Right Person
Short Story#မင်းနားလေးမှာ တစ်သက်လုံးနေပေးချင်ပေမဲ့....# (Chaelisa) (Jenlisa)