အချိန်(၁)လတောင်ကြာလာခဲ့ပြီ
အခြေအနေကမကောင်းလာခဲ့ဘူး။
ကုတင်ပေါ်မှာ အိပ်စက်အနားယူ
နေတဲ့Lisa လည်းဒီလိုအတိုင်းတိတ်ဆိတ်နေတုန်း။
နေ့တိုင်းအပြင်လောကကိုလှစ်လှူရှုပြီးသူ့ရဲ့ဘေးနားကနေမခွာကပ်နေတဲ့ကျွန်မကလည်းမငြီးငွေ့ခဲ့ဘူး။လူတွေပြောနေကြတဲ့အချစ်စွမ်းအားဆိုလား၊၁လတောင်လှဲနေတဲ့သူ့ကို နိုးထလာဖို့မျော်လင့်နေဆဲ၊မငြီးငွေ့၊မပျင်းရိမိခဲ့ဘူး။
ညတိုင်းကောင်းကင်ပေါ်မှာသာနေတဲ့လလုံးကြီးနဲ့ကြယ်လေးတွေတောင် ကျွန်မအတွက် ကမ္ဘာကမှောင်မဲဖြစ်နေမြဲ၊ဖြစ်နိုင်ရင် တစ်ကမ္ဘာလောကကြီးကြားဖို့အောင်ကျွန်မအော်ဟစ်ပစ်ချင်တယ်။
*ကျွန်မ Lisa ကိုလွမ်းတယ်*လို့။
အစကတည်းကလူတွေ ကျွန်မကိုအားပေးခဲ့တယ်၊အားတင်းထားပါLisa ဘာမှမဖြစ်ရဘူး၊သူစိတ်ခိုင်မာတယ်မကြာခင်သူနိုးလာပါ့မယ်တဲ့။အချိန်တွေကြာလာတော့ သူတို့ကကျွန်မကို အရှူံးပေးဖို့တိုက်တွန်းကြတယ်။ Lisa
ကိုမစောင့်ပါနဲ့တော့တဲ့၊မျော်လင့်ချက်က0%ကျနေပြီလို့ဆို။
ဒီစကားတွေအားလုံးကျွန်မကိုစိတ်ဓာတ်ကျစေတယ်၊ကျွန်မကို
နာကျင်စေတယ်၊ဒါပေမဲ့ Lisa က
ညတိုင်းကျွန်မအိမ်မက်ထဲလာပြောပြောနေတယ်။*ဒို့ကို စောင့်နေပါနော်*တဲ့။
"ဘာများသုံးဆောင်မှာလဲရှင့်။"
"ကော်ဖီနှစ်ခွက်နဲ့ စတော်ပယ်လီကိတ်ကိုပေးပါ"
"ဟုတ် ခနစောင့်ပါရှင့်"
"Chuရယ် Coffee နှစ်ခွက်ဖျော်ပေးပါ။ "
"ဟုတ်ကဲ့ပါ မမလေး"
ပြုံးစိပြုံးစိနဲ့ကျွန်မကို Wink
လုပ်ပြပြီး ကော်ဖီကိုသွားဖျော်နေတဲ့ Chu ကို ကျွန်မကိုရင်အေးစေခဲ့တယ်။
ကျွန်မနားမလည်တာအများကြီးပဲ၊ဘာကြောင့်ကျွန်မJisoo
ကိုပြန်ချစ်နိုင်ခဲ့တာလဲ၊သူ့အမေ
ကကျွန်မကိုမုန်းမုန်းကြီးသိရဲသားနဲ့။ဘာကြောင့်ကျွန်မLisa
ကိုမေ့နိုင်သွားတာလဲ။??????????
ကိုယ့်ကိုကိုယ်အချိန်အကြာကြီး
မေးခွန်းတွေပြန်ထုတ်နေရတယ်။
အခုတော့ကျွန်မနားလည်ခဲ့ပါပြီ။
အချိန်အများကြီးယူပြီးနားလည်ပါပြီ။
Jisoo က ကျွန်မရဲ့အချစ်ဦးဖြစ်ခဲ့သလို၊ကျွန်မကိုအများကြီးနဲ့အချိန်တိုင်းချစ်ပေးတဲ့လူဖြစ်ခဲ့တယ်။ကျွန်မက တိတ်ရက်စက်ခဲ့တာ Chuလိုလူသားကို ကျွန်မထားခဲ့မိလို့။သူ့ကိုနာကျင်အောင်လုပ်မိလို့။ပြဿနာကိုရှောင်ဖို့
သူမကို နာနာကျင်ကျင်နဲ့ကြောခိုင်းထားမိလို့။
အဲ့ဒီအစား ပြန်ပေးဆပ်ဖို့ ကျွန်မသူ့အနားမှာနေဖို့ ရွေးချယ်ခဲ့တယ်။ သူလက်စားပြန်ချေဖို့၊အနိုင်ကျင့်ဖို့၊ကျွန်မကိုနာကျင်အောင်ပြန်လုပ်ဖို့ပေါ့။
ဒါပေမဲ့အဲ့ဒီအားလုံးအစားကျွန်မကိုချစ်ပေးခဲ့တယ်၊ကရုစိုက်ပေးခဲ့တယ်၊နားလည်ပေးခဲ့တယ်။
သူ့ရဲ့လုပ်ရှားမှုတိုင်းအောက်ကျွန်မကျရှူံးသွားရသည်။
ကျွန်မနှလုံးသားကိုသူအနိုင်ရယူသွားပြန်တော့သည်။
![](https://img.wattpad.com/cover/236211778-288-k928771.jpg)
YOU ARE READING
True love Right Person
Short Story#မင်းနားလေးမှာ တစ်သက်လုံးနေပေးချင်ပေမဲ့....# (Chaelisa) (Jenlisa)