****
"တည့်တည့်လေးပဲပြောမယ် မင်းSoo ကိုတစ်ကယ်ချစ်ရင်သူ့
ကိုလမ်းခွဲပေးလိုက်"(လေသံပျော့ပျော့လေးပေမဲ့Jennie နားထဲမိုးချိန်းသံသလိုဖြတ်၀င်သွားခဲ့တယ်။ နှလုံးသားလေးသေလုမသတ်ပေါက်ကွဲသွားရသည်။)
J:သမီးJi Ji ကိုတစ်ကယ်ချစ်.......
Jennie ပြောလို့မဆုံးJisoo အမေချက်ချင်းထရပ်ပစ်လိုက်တော့
Jen ချက်ချင်းလန့်သွားပြီးဘာမှဆက်မပြောနိုင်တော့ပဲသူလိုလိုက်ထရပ်မိတော့သည်။စိတ်ထဲကချစ်ရသောသူနဲ့၀ေးရမှာကိုကြောက်မိနေသည်။"ငါ့သမီးနဲ့မင်းနဲ့ကဘယ်လောက်ကွာခြားသလဲဆိုတာသိလားရွှေတွေငွေတွေပေါ် မှာမွေးလာခဲ့တဲ့
ငါသမီးလေးကိုနင့်လိုလူမျိုးလက်ထဲနဲ့ငါမဆုံးရှုံးပေးနိုင်ဘူး။ ပွင့်ပွင့်လင်းလင်းပဲမင်းလိုချင်သလောက်ငါပေးမယ်ဒါမဲ့ငါ့သမီးဘ၀ထဲထွက်သွားပေးရမယ်"ကိုယ့်ကိုအထင်သေးစကားတင်နေသောထိုအမျိုးသမီးကြီးကို
Jen သူ့ရှေ့မျက်ရည်မကျမိအောင်ထိန်းထားရသည်။ လက်သီးပါတင်းတင်းအောင်ဆုပ်လိုက်ပြီးစိတ်ကိုလျော့ထားရသည်။J:ကျွန်မJisooဘ၀ထဲ၀င်လာတာရွှေမက်ငွေမက်လို့မဟုတ်ဘူးတစ်ကယ်အချစ်စစ်နဲ့ပါ တောင်းပန်ပါတယ် အန်တီ၊အန်တီပြောသလိုကျွန်မJisoo ကိုလမ်းမခွဲပေးနိုင်ဘူး။ ကျွန်မသူ့ကိုချစ်တယ်သူလည်းကျွန်မကို
တစ်ကယ်ချစ်တာ အန်တီဘယ်လောက်ပဲကျွန်မကိုနင်ထုတ်နင်ထုတ်ကျွန်မတို့နှစ်ယောက်ကိုခွဲလို့မရဘူး တောင်းပန်ပါတယ်။ဆိုပြီးထွက်သွားရန်သူ့ကိုကြောပေးလိုက်သည်။ တစ်ကယ်တမ်းမာနကြီးတာမဟုတ်ဘူးကြောက်တာပါ ၀ေးရမှာကိုကြောက်လို့။
ဒါမဲ့..............."Jisoo ကမင်းကိုတစ်ကယ်ချစ်တယ်လို့ထင်နေလို့လား မင်းကသူ့အတွက်ခနတာပျော်ရွှင်မှုပါ"
သူဘာပဲပြောပြောJennie စိတ်မ၀င်စားဖို့ကြိုးစားပြီးထွက်သွားလိုက်သည်။
"ငါ့သမီးနဲ့ယောကျားလေးတစ်ယောက်စေ့စပ်ထားတယ်ဆိုတာ
သူမင်းကိုမပြောပြဘူးထင်တယ်
"

YOU ARE READING
True love Right Person
Short Story#မင်းနားလေးမှာ တစ်သက်လုံးနေပေးချင်ပေမဲ့....# (Chaelisa) (Jenlisa)