(22)

1.3K 111 4
                                    

........................

   ဘယ်သံမှမရှိ၊ဘယ်သူကမှလည်းမရှိ၊မကျည်းမကျယ်ဆိုင်လေးထဲတစ်ခုမှာ ကောင်မလေးတစ်ယောက်ငိုင်တိုင်တိုင်လေးထိုင်နေမိ။

   အကြည့်လေးက စာရွက်ပေါ်ရေးထိုးထားသောစာသားလှလှလေးနဲ့အပေါ်ထောင့်လေးမှာကပ်ထားသောဓာတ်ပုံလေးတစ်ပုံထံမှမလွှဲ။

*****
   "JiJi ရယ် ပျော်ရဲ့လား??"

   "ဘေးနားမှာJen သာရှိရင်Ji အတွက်အပျော်ရဆုံးချိန်ပဲ။ "

  Jennie ကျေနပ်စွာပြုံးကာ သူတို့နှစ်ယောက်ရှေ့မှာမြင်ယောင်နေသောပင်လယ်ရေမျက်နှာပြင်ပေါ်တင်ထားသလိုလိုထင်နေရတဲ့နေလုံးမင်းကြီး၊ Jisoo ကိုလက်ညိုးထိုးပြလိုက်ပြီး သူ့ပုံခုံးသားပေါ်ခေါင်းလေးမှီကာ.........

"ကြည့်ပါအုံး နေလုံးကြီးက ဒီလိုအချိန်မှာအလှဆုံးပဲ ကောင်းကင်လေးနဲ့အနီးအနားတိမ်လေးတစ်၀ိုက်မှာ တောင်သူ့အလင်းရောင်လေးပါအုပ်မိုးသွားနိုင်ခဲ့တယ်။ "

   Jennie မျက်နှာပေါ်မှာ ပန်းရောင်သလိုလို၊အနီရောင်လေးသလိုလိုထိုးပေါ်လာသောနေအလင်းရောင်ကြောင့်နဲ့သူ့မရဲ့
ပင်ကိုယ်အလှလေးကြောင့်Jisoo
ငေးကြည့်လို့မမော။

"Ji ကတော့လှတယ်လို့မထင်ခဲ့ဘူး"

Jisoo စကားကြောင့်နားမလည်စွာ
ခေါင်းလေးပါပြန်ထောင်လိုက်ပြီး ji ရဲ့မျက်လုံးလေးနဲ့အကြည့်ဆုံနေခဲ့။

"ဘာလို့မလှတာလဲကြည့်လေ၊
အို...ဟိုမှာ နေလုံးကြီးပြောက်သွားတော့မယ်အို...လှလိုက်တာ"

လက်ညိုးတစ်ထိုးထိုးကိုထိုးပြနေသောချစ်ရဆုံးသူလေးရဲ့လက်ကိုဆုပ်ကိုင်ပြီးမျက်နှာလေးအနားတိုးသွားကာ......
"ဘာဖြစ်လို့လည်းဆိုတော့ Ji အတွက် ကမ္ဘာ ပေါ်မှာJennie Kim
ဆိုတဲ့လူသားကအလှဆုံး။ "

Jisoo စကားကြောင့်တောက်ပနေသောမျက်နှာလေးကိုနေအလင်းရောင်ကြောင့်နဲ့ရှက်ရတာကြောင့်နဲ့ပါးနှစ်ဖက်ပြင်လေးပေါ်ပန်းရောင်နုနုလေးပါဆေးချယ်ထားရပြန်သည်။

True love Right Person Where stories live. Discover now