''''''''
*ပျက်စီးသွားတဲ့အရာတစ်ခုက
ပြန်ပြုပြင်လို့ရပေမဲ့ခက်ရင်းလှတယ်။အဲ့နေ့လေးကစပြီး Lalisa ဆိုတဲ့အမျိုးသမီးက ဘယ်သူကိုမှအဆက်အသွယ်မလုပ်တော့ပေ။
ဘယ်သူနဲ့မှစကားမပြောတော့ပေ။ကိုယ်ပေါ်ကထိထားတဲ့ဒဏ်ရာလေးနဲ့စိတ်ထဲထိသွားတဲ့ဒဏ်ရာလေးကတစ်ဘဝလုံးကိုအကျိုးမဲ့လူသားတစ်ယောက်အနေနဲ့နေထိုင်သွားရဖို့ သိတ်ခက်ရင်းလှပေ။ အဓိတ်ပယ်မရှိတော့တဲ့အသက်ရူသံကိုဆက်နေထိုင်ဖို့ဘေးလူများသာအားနာမိခဲ့သည်။
'Joy ...Lili ကော'
Company ကပြန်လာ၍ စိတ်ပူလို့
အိမ်ဖော်ကိုChaeyoung တန်းမေးခဲ့သည်။'အခန်းထဲမှာမမလေး ဘာအစာမှမစားသေးဘူး တစ်နေကုန်ပဲထိုင်နေတာ"
Joy ကိုChae ခေါင်းငြိမ့်ပြလိုက်ပြီးအပေါ်ကိုတက်လာခဲ့သည်။
အခန်းရှေ့ရောက်တော့...
!တွက့် တွက့်...
'Lisa yha Chae ဝင်လာမယ်နော်'
Lisa ကြားရပေမဲ့ ပြန်မဖြေခဲ့။
အထဲကအသံမကြားတော့Chae
ဖြေးဖြေးလေးတံခါးကိုဖွင့်လိုက်သည်။ကုတင်ပေါ်ကိုငုတ်တုပ်လေးထိုင်ပြီးကြမ်းပြင်ပေါ်ကိုသာငေးကြည့်နေသောသူ။
သက်ပြင်းလေးသာဖွဖွချရင်းနဲ့အခန်းထဲဝင်လာပြီးကုတင်ပေါ်သူ့ဘေးနားမှာ ထိုင်ချလိုက်သည်။
ကုတင်လှုပ်ရှားမှုကြောင့် သူကမျက်နှာလေးမော့လာကာ...
'ပြန်လာပြီပေါ့'
တစ်ခွန်းထဲနဲ့ပြင်ကျွန်မတန်းသိရတယ်။ သူကကျွန်မကိုစိတ်ဆိုးနေလို့ကို၊ကျွန်မကိုcompany မသွားစေချင်ဘူးလို့ပူခဲ့တာလေ၊အဲ့တာကိုသူ့စကားနားမထောင်လို့ကောက်နေတာ။
သူသတိရလာလို့ဆို၅ရက်ရှိခဲ့ပြီ
မနေ့ကသူလေးဆံပင်ညပ်ဖြစ်ခဲ့တယ်လေတိုတိုလေးနဲ့ကလေးလေးကျပြန်ရော။ အဲ့တာကိုလဲချစ်လို့မဝ။
ဘေးကနေသူ့ခါးလေးကိုလက်သွယ်ဖက်ရင်းနှဖူးလေးကိုသာဖွဖွနမ်းပေးလိုက်သည်။
YOU ARE READING
True love Right Person
Short Story#မင်းနားလေးမှာ တစ်သက်လုံးနေပေးချင်ပေမဲ့....# (Chaelisa) (Jenlisa)