(12)

2.1K 113 8
                                    

•••••••••••••

   "ရက်ပေါင်းများစွာ ကျွန်မအမှောင်တွေထဲမှာ အသက်ရှင်ခဲ့ရတယ်။ ကျွန်မကြောက်တယ်
ဒီအမှောင်ထဲပဲ သေသွားရမှာကို
ကြောက်တယ်။ ကျွန်မတိတ်ချစ်
ရသောသူလေးရဲ့မျက်နှာ မမြင်
ရမှာကိုလည်းကြောက်တယ်။ကျွန်မရင်ပတ်လေးကိုထုရင်း တစ်ယောက်ယောက်က ကျွန်မအသံကိုကြားမှာလားဆိုတဲ့ မျော်လင့်ချက်နဲ့ ကျွန်မအော်ငိုခဲ့တယ်။အရပ်လေးမျက်နှာမှာ
အလင်းရောင်ကိုကင်းမဲ့ပြီး တိတ်
ဆိတ်နေတယ်၊ဒီကြောက်ရွံမှုကို
ကြောက်ပေမဲ့ ကျွန်မချစ်သူလေးပြန်မမြင်ရတာကိုပိုကြောက်ရတယ်။ အားယူပြီး
ကုကထကာ အဆုံးမရှိသောအမှောင်လေးထဲကိုကျွန်မဆက်လျောက်နေမိသည်။
မကြာလေးမှာပဲ ကျွန်မရောက်သွားတဲ့နေရာလေးဆီက သီချင်းသံလေး၀ဲ၀ဲကြားလာရတယ်
ခနလေးတော့ကျွန်မ ရပ်သွားပြီးသီချင်းသံလေးကိုနားစိုက်ထောင်ခဲ့တယ်။တိတ်မကြားရဘူးဆိုပေမဲ့ ဘယ်သူအသံလဲဆိုတာကျွန်မရိတ်မိပါတယ်။ ဘ၀
မှာတစ်ယောက်ထဲပဲ ချစ်ရတဲ့
Lalisa Manoban အသံစစ်စစ်ပဲလေ။ သူ့အသံလေးက ချိုလိုက်တာ ပြောက်ဆုံးသွားတဲ့ ကျွန်မအပြုံးကို ပြန်ဖြည့်ဆည်းပေးတယ်။ညိုနွမ်းပန်းပတဲ့ ကျွန်မရဲ့ခြေတွေ၊လက်တွေကောအားရှိလာတယ်၊ကိုက်ခဲပြီးမှောင်မဲနေတဲ့ကျွန်မရဲ့မျက်လုံးလေးကိုကြည်လာလိုလိုခံစားရတယ်။သီချင်းသံလေးတစ်၀ဲ၀ဲကြားလာတဲ့အရပ်လေးဆီကိုကျွန်မပြေးသွားခဲ့သည်။တစ်ဖြေးဖြေးနဲ့အမှောင်လေးကနေ အလင်းရောင်လေးကူးပြောင်းသွားခဲ့သည်။ ကျွန်မမျက်လုံးဆီကိုထိုးဖောက်လာသော အလင်းရောင်လေးကြောင့်လက်လေးကာလိုက်ပြီးမျက်လုံးမိတ်သွားရသည်။နည်းနည်းလေး မျက်လုံးပြန်ဖွင့်ကြည့်လိုက်တော့
ပေါ်လာသောအဖြူရောင်လေး၊
တစ်ဖြေးဖြေးနဲ့ကြည်လာကာ
မျက်နှာကြပ်ဖြူဖြူပင်ဟုမြင်လိုက်ရသည်။မကြာသေးမှာပဲကျွန်မဘေးနားမှာ ငိုသံလေးတီကြူးလာတယ်။ကျွန်မအားမရှိသလိုလိုနဲ့ဘေးနားလေးကို ဖြေးဖြေးလေးလှည့်ကြည့်ကာ
လက်ကိုကာပြီး ငိုကြွေးနေသော
ကျွန်မရဲ့ချစ်ရဆုံးသူ။

True love Right Person Where stories live. Discover now