*********
စိမ်းကားနေသောပတ်၀န်းကျင်
တစ်ခုသစ်ပင်အုတ််အကြီးကြီးထဲမှာလမ်းသေးသေးပေါ်Lisa တစ်ယောက်ရပ်နေခဲ့သည်။မည်းမှောင်ပြီး တိတ်ဆိတ်လွန်းလို့Lisa ကြောက်တောင်ကြောက်လာပါ။
#တစ်ယောက်ထဲနေရတဲ့ခံစားချက်က ဒီလိုကြောက်စရာရီးလား#
ဘယ်သူကိုမှမရှိ ဘယ်သူကိုမှမမြင်ရ၊ငှက်သံတွေဘာတွေတောင်မကြားရပေ။Lisa ကြောက်လည်းကြောက် မသိတဲ့လမ်းလေးပေါ်ကို ရှေ့ရောက်နောက်ကြည့် လမ်းလျောက်သွားနေခဲ့သည်။
သွားတာ၀ေးသွားတော့ မီးခိုးငွေ့ဖြူဖြူလေးထဲရောက်သွားခဲ့သည်။
ပတ်၀န်းကျင်ကိုလည်းဘာမှမမြင်ရတော့ဘူး။အရှေ့ကမမြင်တမြင်လှမ်းမြင်ရသောအရိတ်လေးတစ်ခု။L:ဘယ်...ဘယ်သူလဲ ...အဟွတ်
...အဟွတ်...Lisa မေးသော်လည်းဘာအသံမှမကြားရ။
L:ဘယ်သူလဲလို့။Lisa မရဲတရဲအသံမြင့်အော်မေးတော့ ထိုအရိတ်ကဖြေးဖြေးလေးကြည်လာကာနောက်ဆုံး
မိန်းကလေးတစ်ယောက်ကိုကောင်းကောင်းမြင်ခဲ့ရသည်။
ဆံပင်ရှည်ရှည်နဲ့တစ်ကိုယ်လုံး
အဖြူတွေပဲ၀တ်ထားတယ်။ သူ့ကိုကျောပေးပြီးရပ်နေသည်။L:Hey......
ဒီတစ်ခါတော့ဟိုမိန်းကလေးကဖြေးဖြေးလေးနဲ့ရှေ့ကိုလျောက်သွားခဲ့သည်။ ဘယ်သူလဲသိချင်လို့အော်မေးသော်လည်းထိုလူကလှည့်တောင်မကြည့်။ သူ့နောက်ကိုလိုက်လည်းလိုက် အော်လည်းအော်ပေမဲ့ ထိုမိန်းကလေးကမရပ်ပဲ ရှေ့ကိုပဲလျောက်နေသည်
ကြာကြာလေးတစ်နေရာရောက်တော့ သူမရပ်သွားသည်။ စောနကမီးခိုးငွေ့တွေလည်း အလိုလိုပြောက်သွားခဲ့သည်။သူလည်းမနီးမ၀ေးမှာရပ်လိုက်ပြီး။
L:Hey......တစ်ချက်လောက်ပြောပေးပါအုံး ဒီနေရာကဘယ်နေရာလဲလို့။
ထိုအခါကောင်မလေးကသူ့ဘက်လှည့်လာခဲ့သည်။
L:ဟင်...😳😳Chae...Chaeyoung.
ကိုယ့်မျက်စိကိုမယုံချင်လို့ပွတ်ပြီးပြန်ကြည့်တော့လည်းChae
မှChaeဖြစ်နေသည်။
YOU ARE READING
True love Right Person
Historia Corta#မင်းနားလေးမှာ တစ်သက်လုံးနေပေးချင်ပေမဲ့....# (Chaelisa) (Jenlisa)