(23)

1.4K 114 24
                                    

.....................

    "ငါက ရှုံးတဲ့လူပါ။ အရာတိုင်းကိုအနိုင်ယူနိုင်ခဲ့ပေမဲ့ မင်းရဲ့နှလုံးသားကိုတော့ မနိုင်ခဲ့ဖူးဘူး။
အချိန်တိုင်း မင်းရဲ့အချစ်ကငါ့အတွက် 100%ပဲလို့ယူဆခဲ့ဖူးတယ်။ဒါပေမဲ့ မှားခဲ့ပါတယ် မင်းချစ်တဲ့သူကငါတစ်ယောက်ထဲမှမဟုတ်တာ။မင်းအချစ်ကလူပေါင်းများစွာခွဲ၀ေပေးနိုင်တာတောင်မှ မင်းကိုတော့ ဘယ်သူကများမှ ခွဲ၀ေမပေးနိုင်ဘူး။
မင်းကငါ့ရဲ့ လမင်းကြီးပါချစ်သူ။ မင်းအချစ်အားလုံးက
ငါပဲပိုင်ချင်တယ် ငါ့အချစ်ကမင်းအတွက်တစ်ယောက်ထဲမဟုတ်နေတာတောင်မှပေါ့။ ငါကသူကိုယ်ကောင်းဆန်တယ်၊အတ်တကြီးတယ်။တစ်ခုတည်းသောငါလက်မခံနိုင်တာကမင်းကို စွန့်လွတ်ပေးရမယ်ဆိုတာပဲ"

    သူမထွက်သွားသော အရပ်လေးဘက်ကို ခနခနခေါင်းတစ်ရှည်ရှည်နဲ့လှည့်ကြည့်မိတယ်။ ဒါပေမဲ့ ဘယ်နှခါပဲကြည့်ကြည့်သူမပေါ်မလာခဲ့ဘူး။

  မိမိသာဖုန်းလေးကိုအပေါ်တက်အောက်ဆင်းပွတ်နေတာတောင်မှ
စိတ်က ဟိုတစ်ယောက်အကြောင်း၊ဒီတစ်ယောက်အကြောင်းနဲ့ အလုပ်တွေရှုပ်နေတယ်။

   "၀န်ခံပါတယ် ငါ့ စိတ်ကမတည်ငြိမ်သေးတယ်ဆိုတာ။ လူတစ်ယောက်ဘ၀ကငါကြောင့်နဲ့ နာကျင်ခဲ့ရတာလေ ငါက  သူ့ကိုဒီတိုင်းပဲထားခဲ့နိုင်မယ်လို့လား။ငါ့ကိုယုံကြည်ပြီး အချစ်တွေ၊သူ့ရဲ့ဘ၀တွေအကုန်ပေးအပ်ခဲ့တဲ့ကောင်မလေးကိုငါက ရက်ရက်စက်စက်နဲ့ မမေ့နိုင်ဘူးလေ။Chae ရယ်မင်းငါ့အပေါ်ဘာတွေထင်ခဲ့လဲငါမသိဘူး ငါကမကောင်းတဲ့လူတစ်ယောက်ပဲ အချိန်ခနပဲနဲ့ လူနှစ်ယောက်ကိုနာကျင်စေခဲ့တာ။ ဒါပေမဲ့တောင်းပန်ပါတယ် Chae ရယ်
အခုထိ Chae ကို မဖြူစင်နိုင်ခဲ့သေးလို့။ကြိုးစားခဲ့ပါပြီ ဘ၀မှာ
Chae တစ်ယောက်သာ ချစ်ခဲ့မယ်လို့ ဒါပေမဲ့ ညတိုင်းညတိုင်းငါကအိပ်မက်ဆိုးတွေပဲမက်လေ့ကြတယ်  Jennie ကိုခနခနအမြင်အာရုံထဲပေါ်လာခဲ့တယ်။ Chae
သာသိရင်ငါ့ကိုမုန်းသွားတယ်မလား။ မုန်းလဲမုန်းသင့်တာပေါ့။
ဒါမဲ့ ဘာပဲဖြစ်ဖြစ် Chae ကအချစ်ဆုံးဆိုတာ သိထားစေချင်တယ်။ "

True love Right Person Where stories live. Discover now