Part-1

2.3K 77 0
                                    

သူ့အိမ်ထဲအေးအေးလူလူ၀င်လာပြီးအထုတ်‌ေတွ‌ေနရာချ‌ေန‌ေသာထိုလူကိုကြည့်ရင်းရိ‌ေပါ်စိတ်အိုက်‌ေနသည်။
ဒါကဘာအခြေအနေကြီးလဲဟုရိပေါ်ခေါင်းကိုအခါခါကုတ်ရင်းစဉ်းစားမိသည်။
သူကအခုအိမ်ထောင်ကျသွားတာလား။
မကျတာလား။
ယောကျာ်းရသွားတာလား။(ကောင်မလေးသက်စေ့မကရှိသည့်သူ့လိုလူကလေ😭😭)
မရတာလား။
တွေးရင်း။တွေးရင်း။
" ဖွားရေ "ဟုသာကုန်းအော်လိုက်ချင်သည်။
၀မ်ဖွားဖွားနှင့်ရှောင်းဖွားဖွား‌ေရးသည့်‌ဇာတ်ကဟိုမရောက်ဒီမရောက်၊ငြင်းဆိုရန်လည်းမကောင်း၊လက်ခံဖို့လည်းခက်သည့်ဇာတ်မျိုး။
ထိုသူတော့ဘယ်လိုစိတ်မျိုးနဲ့လက်ခံခဲ့သည်မသိ။
အခုလည်းထိုသူကတော့သူ့ကိုအားနာဟန်တချက်နှုတ်ဆက်ပြီးသူ့အခန်းဟုညွှန်ပြထားသောအခန်းထဲကိုမထုံတတ်တေးနဲ့၀င်သွားလေပြီ။
ရိပေါ်တယောက်ရင်မောရင်းလွန်ခဲ့သည့်၇ရက်ခန့်ကအဖြစ်တို့ကိုပြန်တွေးနေမိသည်။
အပျိုကြီးရှောင်းဖွားဖွားရဲ့နောက်ဆုံးအချိန်အမှီအ‌ေရာက်လာပါဆိုသည့်စကားကြောင့်သူနယ်မြို့လေးဆီအ‌ေပြးသွားခဲ့သည်။
ရှောင်းဖွားဖွားမကျန်းမာဟုသတင်းကြားချိန်ကတည်းကပြုစုရန်ရောက်နေသောသူ့၀မ်ဖွားဖွားနှင့်အတူအသားညိုညိုအရပ်ရှည်ရှည်၊ပိန်ပိန်နှင့်ယုန်က‌ေလးနှင့်တူ‌ေသာလူတယောက်ကသူ့ကိုဆီးကြိုသည်။
(ဒီလူကိုသူသိပါသည် ဖွားဖွားရှောင်း၏မွေးစားမြေးလေး ရှောင်းကျန့်)
ညီအမအရင်းလိုချစ်ခင်သောဖွားဖွားနှစ်ယောက်၏သံယောဇဉ်ကိုရိပေါ်ငယ်ငယ်ကတည်းကသိတာမလို့၊မျက်နှာမ‌ေကာင်း‌ေသာသူ့ဖွားဖွားကိုသာအရိပ်တကြည့်ကြည့်ဂရုစိုက်မိသည်။
"ဖွားက ကျန့်ကျန့်ကိုမွေးစားထားပေမဲ့မြေးအရင်း‌ေလးလိုချစ်ခဲ့တာ....ခုဖွားမရှိရင်ဖွားမြေးလေးကိုကျန်တဲ့ဘ၀တစ်လျောက်လုံး ရိပေါ်လေးနဲ့အတူပဲဖြတ်သန်းစေချင်တယ်..."

ဘုရားးးး(ရိပေါ်ခေါင်းပေါ်မိုးကြိုးပစ်ချလိုက်သလိုဒိန်းကနဲ...ဒါဘာအဓိပ္ပါယ်ကြီးလဲတစ်‌ေယာက်‌ေယာက်ပြောကြပါဦး)

"သူငယ်ချင်းရယ်...ငါလည်းဘယ်လောက်နေရတော့မှာမလို့လဲ....ငါလည်းငါ့မြေးရိပေါ်လေးကိုကျန့်ကျန့်လေးနဲ့ပဲအတူထားခဲ့ချင်တာပါဟယ်...
ဒီလောက်လိမ်မာတဲ့ကလေးနှစ်ယောက်ကငါတို့နောက်ဆုံးဆန္ဒကိုငြင်းပါ့မလား...စိတ်မပူပါနဲ့"
"ဗုဒ္ဓေါ"
(လုပ်ပြန်ပြီ..ဒါ..ဒါမြန်မာကားတွေထဲကအိမ်ထောင်ချပေးတဲ့ဇာတ်ကွက်ကြီးမဟုတ်လား)
ဟိုလူကိုကြည့်တော့၊ကိုလူအေးကစကားတစ်ခွန်းမှထွက်မလာ။မျက်ရည်မကျအောင်မျက်တောင်ကိုပုတ်ခတ် ပုတ်ခတ်လုပ်ရင်းဖွားတို့ကိုသာငေးကြည့်နေသည်။
အင်းးးးး
သူရှင်းအောင်မေးမှဖြစ်ချေတော့မည်။
"ဖွားတို့ဆိုလိုတာက....."
သူ့စကားပင်မဆုံးလိုက်၀မ်ဖွားဖွားက
"အော် မြေးရယ်..မြေးလေးပါပါး၊မာမားဆုံးကတည်းက‌ေမြးမှာဖွားတယောက်ပဲရှိတော့တာမလား"
"ဟုတ်"
"ရှောင်းဖွားဖွားမှာလည်း ကျန့်ကျန့်လေးပဲရှိတာလေ"
"ဟုတ်"
"ဖွားတို့က‌အရင်ကစီစဉ်ထားကြတာ၊ဖွားတို့၀မ်မိသားစုသာမြေးမလေးမွေးလာခဲ့ရင်ရှောင်းကျန့်လေးနဲ့လက်ထပ်ပေးမယ်ပေါ့"
"အွန်"(ခုကမြေးထီးလေးလေအဖွားရဲ့)
"ခုကတော့နှစ်ဖက်လုံးကယောက်ျားလေးတွေဖြစ်နေတော့..ဖွားတို့ကသားတို့ကိုလက်ထပ်ပေးဖို့တော့အတင်းအကျပ်မစီစဉ်ပါဘူး"
"ဟုတ်"(တော်သေးတာပေါ့)
"ဒါပေမဲ့ ကျန်တဲ့ဘ၀တလျောက်လုံးတော့မခွဲပဲတူတူဖြတ်သန်းစေချင်တယ်..ဒါမှဖွားတို့စိတ်ချမယ်"
"သားကိုကိုကတော့ဖွားတို့သဘောပါတဲ့..သားလေးကရော"
(WTF ဘာကိုသဘောလိုက်တာလဲ..ဘဲကြီးရေ
တဘ၀လုံးကျုပ်ကမိန်းမမယူရဘူးလား။ဒါမှမဟုတ်ကျုပ်မိန်းမ၊ကျုပ်သားသမီးတွေနဲ့တူတူခင်ဗျားကလိုက်နေမှာလား....စိတ်ပျက်တယ်ဗျာ)
စိတ်တိုတဲ့အခံနဲ့ဘုကြည့်လှမ်းကြည့်တော့ထိုသူ့မျက်နှာကြည်ကြည်ကအပြောင်းအလဲမရှိ။
"ဖွား...ဒါတော့မဟုတ်သေးဘူးးလေ..ကျွန်တော်..."
"နေပါဦးသားလေးရယ်....ဖွားသားလေးကိုငယ်ကတည်းကဘာတွေတောင်းဆိုဖူးလို့လဲ..အခုလည်းလက်ထပ်ခိုင်းတာမှမဟုတ်တာ...သားကျန့်လေးတောင်မငြင်းတာသားလေးကလက်ခံပေးပါနော်"
မငြင်းရသေးမှီငိုတော့မလိုတောင်းပန်လာတဲ့အဖွား၀မ်ရယ်။အိပ်ရာပေါ်ကမျက်ရည်ကျနေပြီဖြစ်တဲ့အဖွားရှောင်းရယ်ကြောင့်ရိပေါ်စကားတို့ထပ်ထွက်မလာခဲ့။
ငြင်းဆန်ရန်လည်းတစုံတခုကတားနေသလို။(ကျေးဇူးတရားတွေပဲဖြစ်မှာပါလေဟုသူတွေးလိုက်မိသည်)
ဒီလိုနဲ့....
အဲ့ဒီညကအဖွားရှောင်းဆုံးသည်။
ပိုင်ဆိုင်မှုတွေကိုရိပေါ်နှင့်ရှောင်းကျန့်အတွက်ဟုလွှဲပေးခဲ့သည်။
သူတို့နှစ်ယောက်ကိုဖက်ရင်းငိုနေတဲ့အဖွား၀မ်က
ကျန့်ကျန့်လေးဘယ်နေ့မြေးရိပေါ်အိမ်ပြောင်းနေမှာလဲဟုမေးသည်။
ပြီးတော့။
ပြီးတော့။
ထိုသူကသူ့အိမ်ကိုရောက်လာခဲ့သည်။
                        ✍️✍️✍️✍️✍️

တိုက်ခန်းလေးငှါးနေတဲ့ရိပေါ်က၊မြို့စွန်ကထိုသူ၏လုံးခြင်းအိမ်လေးကိုမပြောင်းချင်ကြောင်းပြောခဲ့သည်။ထို့နောက်မှာကိုလူအေးကအထုတ်တွေနဲ့သူ့အိမ်ရောက်ချလာတော့သည်။တစ်ယောက်တည်းနေနေကျမလို့တခြားသူနဲ့အတူရှိရင်စိတ်ရှုပ်ထွေးရမည့်အဖြစ်ကိုကြိုတွေးထားသော်လည်း၊ထင်သလောက်တော့စိတ်မကျဉ်းကြပ်ပေ။
အလုပ်များသည့်အင်ဂျင်နီယာလေးရိပေါ်နှင့်အ
င်္ဂလိပ်စာပြသောဆရာလေးရှောင်းကျန့်တို့တ‌ေန့သံုး‌ေလးခါ‌ေတာ့မျက်နှာချင်းဆိုင်မိကျသည်။အိမ်ငှါးနှင့်အိမ်ရှင်လို၊အခန်းဖော်လိုတွေ့ရင်ပြုံးပြ၊ခေါင်းငြိမ့်ပြအဆင့်နှင့်အေးအေးသက်သာရှိ၏။
‌နှစ်ဦးလုံးကမထုံတတ်တေးဘွဲ့အမည်ခံ၊နားအေးသူတွေမလို့စကားလည်းမပြောဖြစ်ကျ။
(သူငယ်ချင်းတွေနဲ့ဆိုလျှင်ရေပက်မ၀င်ပြောတတ်ကျသည်ကိုတော့နှစ်ဦးလုံးမရိပ်မိ)
ရိပေါ်အဖို့အပြောင်းအလဲတချို့တော့ရှိလာသည်။
မနက်ခင်းတွေဆိုလျှင်လက်ဖက်ရည်ဆိုင်မရောက်ဖြစ်တော့။
စားပွဲပေါ်မှာသူ့အတွက်ဟုစာကပ်ထားခဲ့သည့်ဖက်ထုတ်၊ခေါက်ဆွဲ၊ထမင်းကြော်တခုခုနှင့်မနက်တွေကိုအစပြုသည်။
ညနေတွေဆိုလျှင်ဧည့်ခန်းထဲမှာTVကြည့်ရင်းမုန့်တွေတစွတ်စွတ်ဝါးနေတတ်သည့်ယုန်လူအေးအတွက်မုန့်အချို့၀ယ်မိပြီး၊သူ့အခန်းတံခါးမှာချိတ်ထားမိသည်။(သူကမနက်စာအလကားစားရလို့အားနာ၍၀ယ်မိခြင်းဖြစ်မည်)
နောက်ပိုင်းရိပေါ်လက်ထဲနေ့လည်စာထမင်းဘူးလေးတဘူးပါအမြဲပါလာတတ်သည်။(စားပွဲပေါ်မှာသူ့အတွက်ဟုစာကပ်ထား၍ယူလာခဲ့ခြင်းဖြစ်သည်)
ရိပေါ်ကလည်းအရင်ကဖုန်တတ်‌ေနတတ်သည့်TV၏Eng စာသင်ခန်းစာ၊ကာတွန်း၊ဇာတ်ကားတွေပါသည့်ရုပ်သံလိုင်း၏လစဥ်ကြေးတွေကိုအရင်လိုသွင်းဖို့မမေ့။(ယုန်လူအေးကTV ကြိုက်တဲ့သူမလို့ညနေတိုင်းTV‌ေရှ့မှာရှိတတ်သည်)
ဒီလိုနဲ့...

(ပထမဆုံးရေးတာမလို့အစစအရာရာအမှားပါရင်နားလည်ပေးကြပါဦးနော်)







ဆုံနိုင်ခွင့် (Completed)Where stories live. Discover now