Part 1 (U+Z)

2.1K 106 9
                                    

"Jeno-ah"

ရုတ်တရက်ဝင်လာတဲ့အသံစူးစူးကြောင့် စာသင်ခန်းတစ်ခန်းလုံးတိတ်ကာ ထိုအသံကြောင့်Jenoနှုတ်ခမ်းထောင့်ကသိသိသာသာပြုံးမိသွားသည်။

အာလေးလျှာလေးဖြင့်သံရှည်ဆွဲခေါ်သည်မှာတစ်ခြားလူတော့မဖြစ်နိုင် သူ့ရဲ့၂ယောက်မရှိတဲ့ငယ်ပေါင်းNa Jaeminသာ။
အခန်းထဲအသံကသာရောက်လာတယ်လူကအခုထိမဝင်လာသေး။

Jaeminကျောင်းခန်းထဲရောက်သည်နှင့် အတင်းတုပ်လိုတုပ် ရန်ဖြစ်လိုဖြစ်နေကြတဲ့ ကျောင်းသားအစုစုဟာကွဲထွက်ကာ ကျောင်းအုပ်ကြီးဝင်လာသလိုပင် အပ်ကျသံမျှမကြားရအောင် တိတ်ဆိတ်သွားသည်။
jenoခုံနောက်ကhaechanတို့အတန်းကလွဲလို့ပေါ့။ဒါကလည်းသူတို့အဖွဲ့မလို့ပဲနေမှာပါ။

ထိုအခြေနေကိုJaeminတစ်ချက်ရယ်ကာ နောက်ဆုံးထောင့် ပြတင်းပေါက်နားမှာထိုင်ကာစာဖတ်နေသည့်Jenoဘေးကိုလျှောက်သွားလေသည်။ဒါပေါ့ .. Na Jaeminဆိုကလေးအစခွေးအဆုံးအကုန်ရိုကျိုးနေရမယ်လေ။

အတွေးနက်နက်တို့ဖြင့်Jenoဘေးဝင်ထိုင်ကာ လွယ်အိတ်ကိုစားပွဲပေါ်ပစ်တင်လိုက်သည်။
Jenoကတော့Jaeminကိုဘုကြည့်ကြည့်နေလေရဲ့။ဒါပေမယ့်Jaeminဂရုမစိုက်ပါ။

Jaeminနဲ့Jenoမှာ မိဘချင်းကသူငယ်ချင်းအရင်း​တွေဖစ်နေတာကြောင့် ၁၀နှစ်သားအရွယ်ကတည်းကပင်တစ်အိမ်ဝင်တစ်အိမ်ထွက်ဖြင့်ညီအကိုအရင်းအတိုင်းပင်။
ကျောင်းမှာဆိုရင်တော့တွဲနေကြတာလားလို့မေးကြသည်အထိပေါ့။ ဒါပေမယ့်JenoရောJaeminရောက ညီအစ်ကိုသူငယ်ချင်းထက်မပိုကြတာမလို့ မည်သို့ချေပခြင်းမှမရှိ.. ဒါမှမဟုတ် မှန်နေလို့လား..?

ငယ်ငယ်ကတည်းကအခုထိသူတို့friendshipခိုင်မြဲနေရခြင်းမှာJenoကြောင့်သာ။ သူတို့၂ယောက်ဟာ typeမတူဘဲ Jaeminကတစွတ်ထိုးနိုင်ပြီးလူဆိုးစရင်းဝင်ဖြစ်သော်လည်း Jenoကတော့ တစ်ကျောင်းလုံးရဲ့No.1လေးပေါ့။

သို့သော်Jenoက Jaeminကိုဆိုဘယ်တော့မှ ဗွေမယူဘဲစိတ်ရှည်သည်းခံပေးသည်။ တထစ်ရှိစိတ်ကောက်တတ်တဲ့Jaeminကိုလည်း စိတ်ပြေတဲ့အထိလိုက်ချော့တတ်တာမလို့ Jaeminသည်လည်းjenoကို အစ်ကိုတစ်ယောက်လိုအားထားသည်မှာမဆန်းပါ။
ဆိုးသွမ်းပြီးအကြင်နာတရားမရှိဘူးလို့ထင်နေတဲ့Jaeminက ဒဏ်ရာများစွာရှိပြီး အသည်းနုတဲ့ကောင်လေးတစ်ယောက်ဆိုတာတော့Jenoကလွဲလို့ Jaeminမေမေတောင်မသိခဲ့ပါ။

Nono's NanaWhere stories live. Discover now