Chapter 1

3.5K 166 4
                                    

Unicode

"Prem ထစမ်း ....ဟဲ့ Prem ...."

အမေဖြစ်သူရဲ့ဖူးဖူးမှုတ်ခံထားရတဲ့ Premတစ်ယောက်အောင်စားရင်းထွက်တဲ့နေ့မှာပင် နေဖင်ထိုးအောင်အိပ်နေသဖြင့် အမေက နားရွက်ဆွဲကာနှိုးနေရပြန်တော့သည်။

"အား ...နာတယ် နာတယ် အမေ နော်.."

ငေါက်ခနဲ ထထိုင်လိုက်ပြီး နားကို ပွတ်သတ်ကာ နှုတ်ခမ်းစူလျက် မျက်နှာမဲ့ပြလိုက်လေသည်။

"လုပ်ပြမနေနဲ့ .... နင် အောင်စားရင်းသိပြီးပြီလား..."

အမေကဒေါသတကြီးနဲ့ခါးထောက်ကာမေးလိုက်တော့အိပ်ရေးမ၀သေးတဲ့ Premတစ်ယောက်မှာ သမ်းလျက် မပီကလာ ပီကလာဖြင့် ပါးစပ်ကိုအုပ်ကာ

"ကျတယ်လေ ညက ရှာကြည့်ပြီးပြီ onlineပေါ်မှာ"

ဟုပြန်ဖြေလေတော့ အမေဖြစ်သူရဲ့ လက်ဝါးမှာ Prem ရဲ့ကျောပေါ်သို့ ဒုန်းစိုင်း ဆင်းလာတော့သည်။

"တက္ကသိုလ်တက်ဖို့အစီစဉ်ရှိသေးလား
၀င်ခွင့်ဖြေနေတာနှစ်နှစ်ရှိပြီ ..."

"ဟာ အမေကလည်း နောက်နှစ်အောင်လိမ့်မယ်..."

"ဟဲ့ နင့်လို ဟို‌သွားဒီသွား နီးမှစာကျက်တဲ့သူက တော့သေထိဖြေလည်းကျမှာဘဲ ..."

"အဲဆိုဘာလို့လာပြောနေသေးလဲ "

သမ်းလျက် ခေါင်းအုံးကိုပြင်ကာ မွေ့ယာပေါ်တွင်ပြန်လှဲချလိုက်တော့ အမေက နားရွက်ကိုလှမ်းဆွဲလိုက်ပြီး

"ထစမ်း ... မအိပ်ရဘူး နင့်ကိုငါအလိုလိုက်ထားပြီးပြီ။အခုတော့မရတော့ဘူး။အခုညနေ အိမ်ကကားနဲ့ နင့်ကိုဘန်ကောက်ကနင့်အမဆီပို့မယ်။ဟိုရောက်တာနဲ့ဆရာတစ်ယောက်ရှာပြီး နင့်ကို နောက်နှစ်တက္ကသိုလ်၀င်ခွင့်အတွက်စာကြိုလုပ်ခိုင်းရမယ်"

"ဟော အမေနော်.. မရဘူး သားမသွားဘူး ..."

"မသွားချင်လည်းမရဘူး ဒါအမိန့်ဘဲ ...
နောက်နှစ် မအောင်ရင် အမွေပြတ်စွန့်လွှတ်မယ်
မှတ်ထားလိုက်.... အခုထပြီး အ၀တ်တွေထည့်တော့"

ဟုဆိုကာအမေလည်း အခန်းပြင်ထွက်သွားလေတော့သည်။Prem ကတော့သက်ပြင်းချလျက် ....။

A Guide To Life ( BounPrem version ) U+ZWhere stories live. Discover now