Chapter 12

1.3K 91 4
                                    

Unicode

Boun တစ်ယောက် တစ်ဒေါင်လောက် ထူတဲ့ မွေ့ယာပေါ် ခြေဆင်းထိုင်ပြီး ဒူးနှစ်‌ဖက်ပေါ် ‌တံတောင်ထောင့်ကာ မျက်နှာတစ်ခုလုံးကို လက်တို့နှင့်အုပ်ထားလေတော့သည်။

ငြိမ်လျက် ပေါ့ .....

"မောင် ... အဆင်ပြေရဲ့လား "

နံဘေးတွင် Pan၀င် လာထိုင်ကာ ပခုံးကိုလှမ်းဖက်ပြီး မေးလေတော့

"ကွာရှင်းစာချုပ်ကို လက်မှတ်ထိုးလိုက်တာမလား"

ဒေါသတကြီးနှင့် ဝုန်းခနဲထရပ်ကာ အော်ဟစ်ပြီးမေးလေသည်။

"အင်း ..ဟုတ်တယ် ချစ်လက်မှတ်ထိုးလိုက်တာ
မောင်လည်း ဟိုအကောင်ကိုချစ်လို့ယူထားတာမှမဟုတ်တာ"

ယုံကြည်မှု အပြည့်နှင့်ပြောနေသော သူမအား Bounက စိတ်ပျက်စွာကြည့်လိုက်ပြီး

"ကျွန်တော့် သားအတွက်ရော ...
အမ ထည့်တွေးထားတယ်ပေါ့ "

ဟု မေးလေသည်။

"မောင့် ကို pan ချစ်တယ်လေ။
မောင့်သားက Pan သား ဘဲပေါ့။
Pan ချစ်ပေးနိုင်ပါတယ်"

"တောက် ... မင်းကွာ"

တောက်တစ်ချက်ခေါက်ပြီး ကုတင်ပေါ်ထိုင်နေတဲ့သူမအား ပခုံးကိုဆောင့်ကိုင်ကာ သက်ပြင်းချလေတော့သည်။

"တော်ပြီ ငါတို့ ဒီမှာဘဲ ရပ်ကြရအောင်
ငါ့ အမေမှာ နှလုံးရောဂါရှိတယ်။
ငါ လိမ္မာချင်ပြီ pan"

"ဒါပေမယ့် မောင် Pan ကိုချစ်တယ်လေ။
ဟုတ်တယ်မလား မောင်ချစ်တာPanလေ"

ထရပ်လိုက်ကာ Boun ရဲ့အင်္ကျီစကိုဆွဲကိုင်ပြီး လှုပ်ခါကာ မေးလေတော့ ....

"မဟုတ်ဘူး ငါအချစ်ဆုံးက ငါ့သားဘဲ
ငါ့သားအတွက် အဖေကောင်းဖြစ်ချင်တယ်။
ငါနောင်တတွေရနေပြီ မို့လို့ မင်းထွက်သွားလိုက်တော့"

အခန်းအပြင်ဘက် ကို လက်ညှိုးထိုးကာ ထွက်သွားရန်ဆိုလေတော့ ....

"မောင့်ကို ချစ်လွန်းလို့ Panကွာရှင်းပြီး‌ေတာင်UK ကနေပြန်လာခဲ့ရတာလေ"

"အေး ငါ့ကိုချစ်ရင် ထွက်သွားလိုက်။
မင်း လက်မှတ်ထိုးထားတဲ့ ကွာရှင်းစာချုပ်
ကိစ္စကိုလည်း ငါ လျှော်လိုက်မယ်
မင်းထွက်သွား လိုက် ..."

A Guide To Life ( BounPrem version ) U+ZWo Geschichten leben. Entdecke jetzt