အိမ်ကြီးရှင်ရဲ့ အသဲခိုက်အောင် ချစ်ရပါသော Prem ကတော့ အိတ်တလုံးကိုဆွဲကာ အောက်ထပ်ဆင်းလာလေတော့
"ပေါက်စီလေး ဘယ်သွားမလို့လဲ "
အိမ်က Driver က မေးလေသည်။
"ဒါလေးကားပေါ်တင်ပေးပါ ..."
ဟုဆိုပြီး လက်ထဲက အိတ်ကိုထိုးပေးကာ ကားအနောက်ခန်းတံခါးကိုဖွင့်ပြီး၀င်ထိုက်လိုက်သည်။
Driver လည်း ကားပေါ်တက်ကာ မှန်ကနေအနောက်ကိုကြည့်လိုက်တော့ ကောင်လေးရဲ့နှုတ်ခမ်းက သွေးစွန်းနေတဲ့ဒဏ်ရာတွေ ...
"ပေါက်စီလေး ဘာဖြစ်တာလဲ "
"ဘာမှမဖြစ်ဘူးလေးလေး
မနက်က အိပ်ချင်မူးတူးနဲ့ ခိုက်မိတာ
အမေ့ကိုပြောပြီးပြီ ပေါက်စီကို ချင်းမိုင်ပြန်ပို့ပေးနော်""အင်းအင်း ပို့ပေးမယ်"
ကားကတော့ ချင်းမိုင်မြို့ဆီဦးတည်လျက်။
အိမ်က Driver ဦးလေးကြီးက ပါးဖောင်းဖောင်းနဲ့ကောင်လေးကို ချစ်စနိုးနဲ့ ပေါက်စီလေးလို့ခေါ်တတ်တာမို့ ထိုဦးလေးနှင့် စကားပြောရင် သူ့ကိုယ်သူ ပေါက်စီလို့ နာမ်စားသုံးတတ်တဲ့ ကလေးငယ်။မျက်ရည်တွေက ဖန်သားမဟုတ်လို့သာဘဲ
ဖန်သားတွေသာဖြစ်ခဲ့ရင် ကျကွဲသံတွေကို
ခင်ဗျားက နားငြီးတယ်ဆိုပြီး
ထပ်ပြောနေမှာ ......ထူးတော့ထူးဆန်းတယ် ...
မပိုင်ဆိုင်ဖူးပေမယ့် ဆုံးရှုံးသွားသလိုမျိုးကြီး
ခံစားနေရပြန်တယ် .....အော် ဖန်ကွဲစမဟုတ်တဲ့ မျက်ရည်လေးတွေ
ထပ်ကျလာပြန်ပြီ ....နှုတ်ခမ်းထောင့်တွေကလည်းယောင်လို့ ...._____A Guide To Life______
"ဒေါက် ဒေါက် ဒေါက်"
Prem တစ်ယောက်ငိုပြီး ဖရိုဖရဲနဲ့ထွက်ပြေးသွားလေတော့ Boun ရဲ့အမေလည်းစိတ်ပူကာ Boun အခန်းတံခါးကို မနားတမ်းခေါက်နေတော့သည်။
တံခါးလာဖွင့်ပေးတော့ အပေါ်ပိုင်းက ဘာမှမ၀တ်ထားတဲ့ Boun.. ချွေးတွေရွဲစိုနစ်လို့
"နင် ဟိုကလေးကိုဘာလုပ်လိုက်တာလဲ"
ဒေါသတကြီးမေးလာတဲ့ အမေ့စကားကြောင့်
YOU ARE READING
A Guide To Life ( BounPrem version ) U+Z