Chapter 8

1.1K 96 2
                                    

Unicode

  June 2 ...   

      အခုဆို သုံလလောက်တော့ရှိပြီထင်ပါတယ် ...ညဖက်ဆို P'Bounကိုစကားသွားမပြောရဲလို့ active now ကိုထိုင်ကြည့်နေရတာမျိုး .....

P'Bounနဲ့သူ့ကောင်မလေး ပုံတွေ Newfeed မှာတွေ့တိုင်း အခန်းထောင့်မှာကပ်ပြီး အောင့်အောင့်လာတဲ့ ဘယ်ဖက်ရင်ဖတ်ကို ဖိဖိပြီး ငိုနေမိတာမျိုး ....

မမြင်နိုင်လို့ရှောင်ထွက်လာတဲ့ကျွန်တော် ....
အခုလိုအခြေအနေကိုလက်မခံနိုင်လို့ unfollow တောင်လုပ်ထားမိပြန်တယ် ....အော် ထပ်ပြီးမနေနိုင်ဖြစ်ပြန်တဲ့ကျွန်တော်ကဘဲသူ့ wall ထဲခဏခဏပြန်ပြန်၀င်ကြည့်ပြီး သူ့ပုံတွေရှာကြည့်မိနေပြန်တယ်။

တခြားသူကြောင့်သာသူပျော်ရွှင်နေမယ်ဆိုရင်
ကျနော်မလုယူတော့ပါဘူး။ကိုယ့်လက်ထဲမှာစိတ်ဆင်းရဲနေရမှာထက်စာရင် တစ်ခြားသူလက်ထဲမှာ ကိုယ်တန်ဖိုးထားရတဲ့သူလေးပျော်ပျော်ရွှင်ရွှင်‌ရှိနေတယ်ဆိုတဲ့အသိနဲ့တင်ကျေနပ်နေမယ့်ကျွန်တော်ပါ။

သူနဲ့ ကျွန်တော် ပြန်တွေ့ရင်လည်းပြန်တွေ့မယ် ....
မတွေ့ရင်လည်းမတွေ့လောက်တော့ဘူး ....
ဒါပေမယ့်ရင်ထဲကပြောချင်တဲ့စကားလေးတစ်ခွန်းကတော့ "ကျွန်တော်အဆင်မပြေဘူး" ဆိုတာပါဘဲ။

ဘယ်ဖက်လက်မှာပတ်ထားတဲ့နာရီကိုလှမ်းကြည့်လိုက်တော့ နေ့ခင်း ၁နာရီတဲ့လေ ... ဘယ်လိုဖြစ်လို့ နေ့ခင်းဖက်ကြီးငိုနေမိပြန်တာ‌လဲ။

ယောက်ျားတန်မဲ့ ပါးပေါ်က မျက်ရည်တို့ကို လက်ဖနှောင့်တို့နှင့်သုတ်ကာ သက်ပြင်းချမိပြန်တယ်။ "ဟူး ...နောက်နေ့ထပ်မငိုတော့ဘူး"
ဒီစကားဘဲနေ့‌တိုင်းရေရွတ်မိနေသလိုဖြစ်နေပြီ။

အခန်းထဲကထွက်ပြီး ၀န်ရံတာကိုထွက်ကာ ခပ်သွက်သွက်ပြေးလွှားလာတဲ့လေနုအေးတို့အားတ၀ကြီးရှူလိုက်မိတယ် .....

Ph Ringtone 🎵🎶

"Hello ...မမ"

"ဘယ်နေ့ပြန်လာမှာလဲ Prem ...အောင်စရင်းထွက်ပြီးရင် တက္ကသိုလ်တွေဘာတွေလျှောက်ရတော့မှာ ...."

"လောလောဆယ်‌တော့ Prem
ပြန်မလာချင်သေးဘူး မမ "

"အင်းပါ ပြန်လာချင်တဲ့နေ့ပြန်လာ
အောင်စရင်းမထွက်ခင်ပြန်လာခဲ့နော် ..."

A Guide To Life ( BounPrem version ) U+ZDonde viven las historias. Descúbrelo ahora