Unicode
သားသားမွေးပြီး လေးနှစ်ကျော်ကြာမှ ပြန်လည်နွေးထွေးလာတဲ့ ဆက်ဆံမှုလေးတစ်ခု။အိမ်ထောင်သက်တစ်လျှောက်မှာ နှစ်ဦးသဘောတူ ဖြတ်သန်းခဲ့သည့် အကြင်နာည။
နဂိုကတည်းက မူးနေတဲ့ ကျွန်တော့်ခင်ပွန်းသည်။
( Ohm အကြံအတိုင်းမူးချင်ယောင်ဆောင်နေတာသူမသိ)
ကျွန်တော်နဲ့ဖြစ်ပြီးတော့ သူပင်ပန်းသွားလို့ထင်ပါရဲ့။အင်္ကျီတောင်မ၀တ်ဘဲတန်းအိပ်ပျော်သွားသည်။
ကုတင်အောက်မှာ လုံးထွေးကာကျနေတဲ့ အ၀တ်တို့ကို ကောက်ယူပြီး သန်ခေါ်မကျ မိုးသောက်မကျ ဟိုမရောက်ဒီမရောက် ၂နာရီအချိန်ကြီး သူ့အခန်းထဲမှထွက်ရန်ပြင်တော့ အကိုက ကျွန်တော့်် ကိုလှမ်းဆွဲပြီး ရင်ခွင်ထဲ ထည့်ကာ တင်းတင်းကြပ်ကြပ်ကြီး ဖက်ထားတော့သည်။
"P'Boun မူးနေတုန်းလားဟင်"
ကျွန်တော် သူကြားနိုင်လောက်တဲ့အသံနေအသံထားနှင့်မေးလိုက်တော့ .....
"ကိုယ့်နားမှာဘဲနေ .ဘယ်မှထွက်မပြေးနဲ့ ...."တဲ့လေ။
မျက်လုံးတို့ကိုမှိတ်ကာ ကျွန်တော့်နဖူးအား ခပ်ဖွဖွနမ်းရင်းဆိုလေသည်။
သူတကယ်ကျွန်တော့်ကိုချစ်တာများလား။
ကျွန်တော်သံသယဝင်မိပါတယ်။ဒါမှမဟုတ် မူးနေလို့ယောင်နေတာလား။
သူ့ရင်ဖတ်မှာ ကျွန်တော့်လက်သီး ခပ်ဖွဖွတို့က ထိကပ်လျက်။
"Prem ကို့ကိုချစ်ဖူးတယ်မလား"
ချစ်ဖူးတာပေါ့။သားသား ရဲ့ ဒယ်ဒီကို ကျွန်တော်ချစ်ဖူးတာပေါ့။
ချစ်လွန်းလို့ ....အကို့စကားတွေအကုန် ကျွန်တော်နားထောင်ခဲ့တယ်။
"မင်းနဲ့တစ်ခန်းတည်းမအိပ်ချင်ဘူး ရွံတယ်"
ဆိုလို့ အကို အိပ်ခိုင်းတဲ့အခန်းမှာ ကျွန်တော် အခန်းခွဲပြီးအိပ်ခဲ့တယ်။
"ငါအလုပ်ပြန်တဲ့ အချိန်မင်းကိုမမြင်ချင်ဘူး။
အမောဆို့တယ် ...."ဆိုလို့ အကို အလုပ်ပြန်တဲ့အချိန်တိုင်း
အခန်းထဲပုန်းနေမိတယ်။
BẠN ĐANG ĐỌC
A Guide To Life ( BounPrem version ) U+Z