Chapter 5

1K 95 1
                                    

Unicode

"Prem ရေ ငါ့ကို မျက်နှာသုတ်ပဝါလေး‌ယူပေး ...."

ရေထဲမဆင်းတဲ့ ကောင်ငယ်လေး အား ရေကူးရာမှ တက်လာတဲ့ သူငယ်ချင်းဖြစ်သူ Sammy ကမျက်နှာသုတ်ပဝါယူခိုင်းတော့ မိမိထိုင်နေတဲ့ခုံပေါ်ကမျက်နှာသုတ်ပဝါ ပန်းရောင်လေးကိုလှမ်းပေးလိုက်လေတော့သည်။

မျက်နှာသုတ်ပဝါ ပါမလာတဲ့ Sammy ကို စိတ်ကောက်ပြီးရေထဲမဆင်းတဲ့ Prem တစ်ယောက် နှုတ်ခမ်းမှာအတင်းစူလျက်။ပါးစပ်ကလည်းပွစိပွစိနှင့်။

ရေမကူးတော့ မျက်နှာသုတ်ပဝါယူမလာတဲ့ Prem နှင့် Prem ယူလာမယ်အထင်နှ့င့် ယူမလာမိတဲ့ Sammy ......

နှစ်ယောက်အကြားမှာတစ်ခုခုလွဲနေတယ်ဆိုတာကို နည်းနည်းလေးမှသတိမထားမိကြတဲ့သူငယ်ချင်းနှစ်ယောက်။

Sammy လည်း Premရဲ့ မျက်နာသုတ်ပဝါဟုထင်ကာ ဘာမှမပြောဘဲ အိတ်ထဲ ထည့်လိုက်ပြီး နှစ်ယောက်သား အိမ်ပြန်ခဲ့ကြလေတော့သည်။

____A Guide To Life_____

"မောင်ရေ ချစ်‌ လေ ဒီအပေါ်မှာတင်ခဲ့တဲ့ မျက်နှာသုတ်ပဝါကရောဟင် ..."

ရေစိုနေတဲ့ ‌ချစ်သူကောင်မလေးက မေးလေတော့
Boun တစ်ယောက်ပျာယာခပ်ကာရှာပေးနေလေသည်။

"မောင် ဒီခုံပေါ်မှာတင်ခဲ့တာ "

Boun တစ်ယောက်မှာ ရေမကူးဘဲ ကောင်မလေးကိုသာစောင့်မယ်ဆိုပြီး လိုက်လာခဲ့ပေမယ့် Prem ကိုတွေ့တော့ မျက်နှာချင်းမဆိုင်ချင်လို့ဆိုပြီး တစ်ဖက်က အမျိုးသားရေကူးကန်သို့ဆင်းကာရေကူးနေလေသည်။

အခု သူ့ကောင်မလေးမေးနေတဲ့ မျက်နှာသုတ်ပဝါ ဘယ်ရောက်သွားတာ‌လဲ။

"သေချာပါတယ် အဲကောင်တမင်ယူသွားတာဘဲနေမှာ"

စိတ်ထဲ ကြိတ်ကာ တွေးနေတုန်း .....

"ဒီခုံပေါ်မှာတင်ထားတဲ့ မျက်နှာသုတ်ပဝါပန်းရောင်လေးလား ...." ဟု ခုံကိုလက်ညှိုးထိုးကာ ‌မသိချင်ယောင်ဆောင်ပြီးမေးမိသည်။

အဲခုံပေါ်မှာထိုင်သွားတဲ့လူကို သူသိနှင့်ပြီးသား။

"အင်း ပန်းရောင်လေး ..." ဟုဆိုကာကောင်မလေးက
ခေါင်းလေးငြိမ့်ပြတော့မှ

A Guide To Life ( BounPrem version ) U+ZWhere stories live. Discover now