Chapter 13

1.4K 88 0
                                    

Unicode

ကျွန်တော် Premနဲ့ အိမ်ထောင်ကျပြီးကတည်းက Ohm နဲ့ car showroom တစ်ခုဖွင့်ပြီး အရောင်းအ၀ယ်လုပ်ခဲ့တယ်။

Guide လည်းအသေအချာအချိန်ပေးပြီး မသင်ပေးနိုင်တော့ တစ်ယောက်စနှစ်ယောက်စကလွဲရင် စာသင်မယ့်သူက သိပ်မရှိ။

July လရဲ့ ပထမဆုံးအပတ် ....

မိုးရာသီ ပင်ရောက်လာခဲ့ပြီ။

ကျွန်တော် စာသင်ပြီး အိမ်ပြန်ရောက်လာတော့
သားသားရော Premရော ရှိမနေခဲ့ဘူး။

အပြင်တွေဘာ‌တွေသွားတယ်အထင်နဲ့ ရေမျိုးချိုးအ၀တ်အစားလဲပြီး ကျွန်တော်ထိုင်စောင့်နေခဲ့ပေမယ့် ည၇နာရီအထိရောက်မလာခဲ့ဘူး။Premကိုဖုန်းလှမ်းဆက်တော့ စက်ပိတ်ထားတယ်တဲ့လေ။

"ဒီအချိန်ကြီး ဘယ်တွေသွားနေတာလဲ"

ဆိုပြီး ကျွန်တော်တွေးနေမိတယ်။

အရမ်းလည်းစိတ်ပူလာတယ်။တစ်ခုခုဖြစ်နေမှာလည်းစိုးရိမ်တယ်။အရင်ကဆို Premဖြစ်ချင်ရာဖြစ် ကျွန်တော်ဘာမှမခံစားရဘူး။

အခုဆိုသူနဲ့ပက်သက်လာရင်တကယ်စိတ်တိုတယ်။

မပြောမဆိုနဲ့ လုပ်ရင်လည်း အရမ်းစိတ်တိုတယ်။

သူဘာလုပ်လုပ် ကျွန်တော်သိချင်နေမိတယ်။

ဘာဖြစ်လို့မှန်းလည်းမသိဘူး ......

ကျွန်တော် ဧည့်ခန်းထဲထိုင်စောင့်နေတုန်း
ည၈နာရီလောက်‌လဲရောက်တော့ ...

ထီးတစ်‌ချောင်းနဲ့ သားအဖ နှစ်ယောက် အိမ်ထဲပြေး၀င်လာကြတယ်။Premက သားသားကိုအများကြီးဆောင်းပေးထားတော့သူ့တကိုယ်လုံးက အရမ်းရွှဲစိုနေတယ်။

အိမ်ထဲရောက်တော့ သားသားက ကျွန်တော့်ဆီပြေးလာကာ ရင်ခွင်ထဲ၀င်ပြီး ဖက်လေသည်။

Premက တော့ ရေစိုစိုနဲ့အပေါ်တက်ရန်ပြင်နေတော့

"ညဖက်ကြီး ဘယ်တွေသွားနေတာလဲ Prem"

ကျွန်တော့် အမေးကို သူမဖြေ။

အိမ်အပေါ်ကိုဘဲတက်သွားလေသည်။

"တောက် ..." တစ်ချက်ခေါက်လိုက်တော့
ရင်ခွင်ထဲက သားသား က

"ဒယ်ဒီ ဘာဖြစ်လို့လဲဟင်"

A Guide To Life ( BounPrem version ) U+ZDonde viven las historias. Descúbrelo ahora