Chapter 2

1.2K 115 0
                                    

"အား ... နာလိုက်တာ ..."

တောင်ကြည့်မြောက်ကြည့်နဲ့ တမင်တကာအော်နေတဲ့ Prem တစ်ယောက်မှာ ဒူး‌ကအနာသေးသေးလေးအား အတင်းတွေ ပွတ်သပ်နေလေတော့သည်။

"ဟုတ်ပါပြီ ချာတိတ်... မင်းအိမ်ကဒီလမ်းထဲမှာလား"

ဘေးမှာ တည်တည်တံ့တံ့ထိုင်ကာ ‌ကားကိုသာအာရုံစိုက်ပြီးမောင်းနေတဲ့ Boun က မေးလိုက်တော့

"ဟုတ် .... ဟိုး မှာ အဲအိမ်ဘဲ ..."

ဟုဆိုကာ လက်ညှိုး တထိုးထိုးနှင့် ညွှန်ပြလိုက်လေတော့သည်။

ကားလေးကတော့ ခြံ၀င်းအတွင်း၀င်သွားတော့ အိမ်ရှေ့က ဒန်းမှာ ထိုင်ပြီး ဖုန်းသုံးနေတဲ့ Prem ရဲ့အမဖြစ်သူ War က ထိုင်ရာမှထကာ ကားဆီလျှောက်လာတော့သည်။

"Boun... ဘာဖြစ်လို့လဲ ..."

"မမ ... ကျွန်တော်လေ အား ... ထလို့မရတော့ဘူး ကားပေါ်ကလည်းဆင်းလို့မရတော့ဘူး ..."

ကားပေါ်ကနေ လှမ်းခေါ်လိုက်တဲ့ Prem အသံကြောင့် အမဖြစ်သူမှာကြောင်တောင်တောင်နဲ့ ...

Boun က တော့ ရုပ်တည်ကြီးနဲ့ War ကိုကြည့်‌ပြီးမချိုမချဉ် လုပ်ပြလိုက်ကာ ကားပေါ်ကဆင်းလာလေတော့သည်။

ထို့နောက် Prem အားကိုလှမ်းဖက်ကာ တွယ်ချလိုက်တော့သည်။

"နင် အပိုတွေလုပ်မနေနဲ့ ဒူးက အနာသေးသေးလေးကိုအဲလောက်ဖြစ်စရာလိုလို့လား "

Boun ကိုဖက်ကာရပ်နေသော Prem  ကို အမဖြစ်သူက မျက်စောင်းထိုးကာပြောလိုက်တော့

A Guide To Life ( BounPrem version ) U+ZWhere stories live. Discover now