Chapter 11

1.2K 97 0
                                    

Unicode

         ကျွန်တော်တို့ သားအဖချင်းမိုင်ကအမေ့အိမ်ရောက်တာတစ်ပတ်ရှိခဲ့ပြီ။ကျွန်တော့်အဖေနဲ့ သားသားကနေ့တိုင်း video call ပြောဖြစ်တယ်။ပါပါးက ‌နွေရာသီရောက်ရင် တစ်မိသားစုလုံး တရုတ်ပြည်လာလည်ဖို့ အမြဲခေါ်ပေမယ့် တစ်ခါမှတော့ မသွားဖြစ်ခဲ့။

"အမေလည်း နေပြန်ကောင်းပြီဆိုတော့ သား တို့ပြန်တော့မယ် နော် .....P'Boun က မြန်မြန်ပြန်ခဲ့တဲ့ ..."

လို့ပြောပေမယ့်

အပူရှပ်ပြီးဖျားတဲ့ အမေက မြေးကိုတွေ့ချင်လို့တမင်တကာ ခေါ်လိုက်တာတဲ့လေ ....အဲတာကြောင့်မို့လို့

"တစ်ပတ်ပြည့်အောင်နေသွား ..."

ဆိုပြီး ပြောနေလေတော့ ကျွန်တော်တို့လည်း တပတ်ပြည့်အောင်နေလိုက်ရတယ်။ကျွန်တော်တို့ပြန်မယ့် ည မှာ မမဆီကဖုန်းလာခဲ့တယ်။

"Prem.. Boun က မိန်းမတစ်ယောက်ကိုနေ့တိုင်းအိမ်ခေါ်လာတာငါတွေ့တယ် ...."တဲ့လေ

ကျွန်တော် အမ ကို ပြန်ပြောဖို့စကားပင် ရှာမတွေ့ခဲ့ဘူး။ကျွန်တော့်အတွေးတွေက တကယ်ဖြစ်လာခဲ့တာဘဲ။ကျွန်တော် အရမ်းကြောက်တယ်။သူကျွန်တော့်ကိုစွန့်ပစ်သွားမှာ ....

သူ့ကိုလည်းအားနာမိတယ် ကျွန်တော့်ကိုသူ မချစ်ဘဲယူခဲ့ရတော့ လွတ်လပ်ချင်မှာဘဲလေ ....

သူ့ကိုအသိမပေးဘဲ ကျွန်တော်တို့သားအဖ အိမ်ပြန်လာခဲ့တယ်။မမ ပြောသလိုပါဘဲ ရင်ထဲအရမ်းဆို့သွားခဲ့တယ်။ဖရိုဖရဲဖြစ်နေတဲ့ ဒေါက်ဖိနပ်တစ်ရံဘေးမှာ သိပ်ချစ်ရတဲ့ ခင်ပွန်းသည်ရဲ့ ဖိနပ်လေး ...

"သားသား ဧည့်ခန်းထဲမှာ ခဏ နေခဲ့ဦးနော်
ပါပါး အ၀တ်အိတ်သွားထားပြီးရင်
အပြင်မှာ မုန့်သွားစားရအောင် ...."

ကျွန်တော်ပြောလိုက်တော့ အပြစ်ကင်းစင်လှတဲ့ကလေးငယ်လေးမှာ ပါးချိုင့်လေးပေါ်အောင် ပြုံးပြတယ်။သူသိပ်ပျော်နေရှာတာ .... P'Boun ရဲ့ကိုယ်ပွားလေး က ကျွန်တော့်ရင်ထဲက ပူပင်မှုလေးကို ကလေးဆန်ဆန် မမြင်ခဲ့ဘူးလေ။

ကျွန်တော် အိတ်ကို သယ်ပြီး ခြေသံခပ်ဖွဖွနဲ့ အပေါ်ထပ်တက်လာမိတယ်။

A Guide To Life ( BounPrem version ) U+ZWhere stories live. Discover now