Chapter 10

1.2K 99 1
                                    

Unicode

အမေမရှိတော့ အိမ်မှုကိစ္စက ကျွန်တော့်တာ၀န်ပေါ့။
မနက်အစောကြီးကတည်းကထပြီး မနက်စာကိုပြင်ဆင်နေမိတဲ့ကျွန်တော်။

အိမ်မှာ ဘာဆိုဘာမှ မလုပ်ခဲ့ရတဲ့ ‌သူဌေးသားလေး။

Coffee က အစ ခေါက်ဆွဲပြုတ်အဆုံး ဟိုလူ့ခိုင်းဒီလူ့ခိုင်းပြီး အပူကပ်နေခဲ့ဖူးတဲ့ Prem ...သိပ်ချစ်ရတဲ့ ခင်ပွန်းသည်စားဖို့ ပေါင်မုန့်ကြက်ဥကြော်နဲ့Coffee ပူပူလေးကိုပြင်ဆင်နေခဲ့ပြန်သည်။

Boun ကုမ္ပဏီသွားခါနီးလေး အခန်းတံခါးရှေ့မှာရပ်စောင့်နေပြန်သည်။သူ့ခင်ပွန်း ပြင်ဆင်ပြီးလို့ အခန်းထဲက ထွက်လာတော့ခေါင်းလေးငုံ့လျက် ...

"ဟို ကျွန်တော် မနက်စာပြင်ထားပေးတယ်
P'Boun စားသွားပါလား ဟင်"

"တော်ပြီ အပြင်ရောက်မှစားလိုက်မယ်"

ဟုဆိုကာ အိတ်ကိုဆွဲပြီး Prem  အရှေ့မှထွက်သွားလေသည်။

မီးဖိုချောင်ထဲပြန်၀င်ကာ ထမင်းစားဝိုင်းမှာထိုင်ရင်း မျက်နှာငယ်နေတဲ့ ပေါင်မုန့်ကြက်ဥကြော်တို့ကို ကြည့်ရင်း ငိုင်မိတယ်။

ကြက်ဥ မစားတတ်တဲ့ ဒီကောင်လေး သည်Bounရဲ့ လျစ်လျှူရှုမှုကိုခံလိုက်ရတဲ့ ပေါင်မုန်တို့အား အမှိုက်ပုံးထဲသွန်ချလိုက်မိတယ်။

အေးစက်သွားတဲ့ကော်ဖီလေးတစ်ခွက်ကိုသာ တစ်ချိုင့်တည်းမော့ချလိုက်ပြီး မနက်စာကိုဖြည့်ဆည်းလိုက်တယ်။

ရေခံသေတ္တာထဲ နေ့လည်စာအတွက်ချက်စရာ တစ်ခုခုကိုရှာနေမိတဲ့ ‌‌အိမ်ထောင်ရှင်ကောင်လေး ....အသားဆို ဘာအသားမှမစားတတ်တဲ့ကောင်ငယ်လေးက ခင်ပွန်းအတွက်တော့ ကြက်သားဟင်းတွေကြိုးစားပြီးချက်နေပြန်တယ်။

ဘေးမှာတော့ ဖုန်းလေးကိုချလျက် ...ဟင်ချက်နည်းကိုကြည့်နေတာထင်ပါရဲ့ .ဟင်းချက်ပြီးတဲ့အချိန် နာရီကိုလှမ်းကြည့်လိုက်တော့ ညနေ ၃နာရီတဲ့လေ။

"ထမင်းနဲ့ဟင်း ...၂မျိုးတည်းတောင်အဲလောက်ကြာလား ...."

တအံ့တဩနှင့်ရေရွတ်‌မိပြီးနောက်

နေ့လည်စာအတွက် ခေါက်ဆွဲပြုတ်လေးတစ်ပွဲစားပြီး တပတ်စာ မိမိနဲ့ ခင်ပွန်းဖြစ်သူရဲ့ အ၀တ်တွေကိုသိမ်းဆည်းကာ ရေချိုးခန်းထဲ အ၀တ်လျှော်ရန်ပြင်ဆင်နေပြန်တယ်။

A Guide To Life ( BounPrem version ) U+ZWhere stories live. Discover now