Chapter 6

1K 94 2
                                    

Unicode

"မသင်ဘူးဟာ ... နင့်မောင်နဲ့ငါက
နည်းနည်းလေးမှ တည့်တာမဟုတ်ဘူး ..."

အအေးဆိုင် ထောင့်လေးတွင် လူသုံးယောက်ထိုင်လျက် တစ်ယောက်ကတော့ မျက်နှာငယ်လေးနှင့် တစ်ယောက်သောသူကိုကြည့်ကာအကူညီတောင်းရှာသည်။

"နင်ကလဲဟာ Prem ကလိမ္မာပါတယ် ....သူကနင်သင်ရင်  သူကအဆင်မြင့်တက္ကသိုလ်တောင်၀င်ခွင့်ရ‌အောင်ကြိုးစားပါ့မယ်တဲ့။သူကျနေတာ ၂နှစ်တောင်ရှိပြီ နော် ။Boun ရယ် နော် သင်ပေးပါ "

"မရဘူးဟ နင့်မောင်နဲ့ငါ ကီးမကိုက်ဘူး"

တကယ်ပါဘဲ အဲလို ဂျစ်ကန်ကန် နဲ့ အချိုးမပြေတဲ့ကောင်ကို ကျွန်တော်က ဘယ်လိုစိတ်မျိုးနဲ့သင်ရမှာလဲ ... ဟူး တလွဲကလည်းလုပ်သေး။ပြောလိုက်ရင်မျက်နှာကရှစ်ခေါက်ချိုးနဲ့။

"မောင်ကလဲ သင်ပေးလိုက်ပါ အခုဆို ၇လပိုင်းတောင်ရောက်နေပြီ ၃လပိုင်းဆိုစာမေးပွဲတွေကဖြေရတော့မယ် Prem စာတွေနောက်ကျနေဦးမယ်"

ကျွန်တော် က အဲကောင်လေးကိုမြင်တိုင်း တကယ်ကိုဒေါသထွက်တယ်။ ပေတေတေနဲ့ ....

ကျွန်တော့်ချစ်သူကလည်းပြော .... အဲ Prem ဆိုတဲ့အကောင်ရဲ့ အမ အင်း ..ကျွန်တော့်ရဲ့ အချစ်ရဆုံး ပြောမနာဆိုမနာ Bff မကြီး အဲဟာမကြီးကလည်း ပြောနေတော့ ....

"ဟူး ...." သက်ပြင်းရှည် တစ်ခုကိုချလိုက်ပြီး

"အေးဟာ ပီးရော သင်ပေးမယ် ...
Guide ဘဲသင်မှာနော် ..."

ကျွန်တော် ‌အအေးခွက်ကိုကိုင်ပြီး ပိုက်နဲ့ စုပ်မသောက်တော့ဘဲ အခွက်လိုက်မော့ချလိုက်မိတယ်။
ဟူး .... ဒီကောင်လေးကိုစာသင်ရမယ်ဆိုတဲ့ အသိနဲ့တင် တကယ်ရင်ပူတယ် ..

"အဲဆို မနက်ဖြန်ကနေစပြီး သင်ပေးနော် ...
တပတ်ကို ၆ရက်လောက် ..."

War ရဲ့စကာ‌းကြောင့် ကျွန်တော်ပင်လန့်မိသည်။

"ဟဲ့ ငါသင်ရမှာ နင့်မောင်တစ်ယောက်တည်းမဟုတ်ဘူး ... အခုတောင်မအားတဲ့ ကြားက သင်ပေးရမှာ "

"အေးဟာ ပြီးရော အဲဆို ငါးရက်လောက်တော့ လာသင်ပေး နော် တောင်းဆိုပါတယ် "

A Guide To Life ( BounPrem version ) U+ZWhere stories live. Discover now