Chapter(4)_Unicode

1.6K 251 19
                                    

နန်းတွင်းသမားတော်၏ ကြေကွဲစရာဇာတ်လမ်း(၄)

ဖျားနာခြင်းက မြေပြိုသလိုလာပြီး ဗိုင်းငင်သလိုမျိုး ဖြည်းဖြည်းချင်းသွားတယ်၊ (အဓိပ္ပာယ်_နာလန်ထူဖို့ ကြာနေတာကိုပြောတာပါ)၊ လျှိုရှီ ပြန်နေကောင်းဖို့ သုံးလတိတိကြာခဲ့တယ်၊ နေ့တိုင်းနီးပါး သူအိပ်ပျော်ဖို့အတွက် ငါ့ကိုလာပြီးကူညီခိုင်းတယ်...သူက ကြိုတင်ပြီးတော့လည်း ကြေငြာထားသေးတယ်၊ အရင်က ဖျားနာမှု ပြန်ထလာတာမို့ သမားတော်စုန့်တစ်ဦးတည်းကပဲ ကုနိုင်တယ်တဲ့၊ ရလဒ်ကတော့ ရှီဟွားနန်းဆောင်က ဆင့်ခေါ်လာရင် ငါငြင်းပစ်လိုက်ရတာပဲ...တော်ဝင်ကိုယ်လုပ်တော်ဟွာကို ကြည့်ရှုစောက်ရှောက်ဖို့ကိုတော့ တခြားနန်းတွင်းသမားတော် တစ်စုကို တာဝန်ပေးလိုက်တယ်၊ တစ်ဖက်မှာ ငါက ဧကရာဇ်ကို အချိန်ပြည့် စောင့်ရှောက်ဖို့ တာဝန်ယူလိုက်ရတယ်။

တစ်နေ့ ငါနန်းတွင်းသမားတော်ဆောင်ကို ဆေးတစ်ချို့ယူဖို့ ပြန်သွားတော့ သမားတော်တစ်သိုက် အတင်းပြောနေကြတာကို အမှတ်တမဲ့ ကြားလိုက်မိတယ်။

"မင်းကြီးရဲ့ နာမကျန်းမှု...ငါစိုးရိမ်မိတယ်..."

နန်းတွင်းသမားတော်ကျားက စပြောပြီး တွန့်ဆုတ်နေတယ်၊ ဒါပေမယ့် အဓိပ္ပါယ်ကတော့ ပေါ်လွင်နေပြီ။

"ရောဂါလက္ခဏာတွေက သာမန်မြင်နေကြဟာမျိုးဆိုပေမယ့် မင်းကြီးရဲ့ အရင်ဖျားနာမှုနဲ့ ဆင်တူတယ်၊ အဆိပ်အကြွင်းအကျန်တွေ ကိုယ်ထဲ ကျန်နေသေးမှာ စိုးရွံ့မိပါရဲ့...အခု စီနီယာ သမားတော်စုန့်က ထွက်သွားပြီ၊ အခု သမားတော်စုန့်က ငယ်လွန်းသေးတယ်...သူမ လုပ်နိုင်ပါ့မလားဆိုတာ  သေချာမပြောနိုင်ဘူး"

အဆိပ်အကြွင်းအကျန်တွေ ကိုယ်ထဲမှာ ကျန်နေသေးတယ်? ငါ အတော်လေး ကြောင်သွားတယ်

"သမားတော်စုန့်က မင်းကြီးကို ညတိုင်း အပ်စိုက်ကုပေးနေတယ်လို့ ပြောကြတယ်၊ မဟုတ်ရင် မင်းကြီးအိပ်ပျော်ဖို့ မလွယ်ဘူးတဲ့...ဒါပေမယ့်လည်း အဲ့လိုဆိုရင်တောင် မင်းကြီး သက်သာလာတဲ့ပုံ မပေါ်ဘူး"

သမားတော်ကျားက ပင့်သက်ရှိုက်လိုက်တယ်

"မင်းကြီးက မင်းကောင်းတစ်ပါးပါ...ကံမကောင်းစွာနဲ့..."

Your Humble Servant is Guilty! (Burmese Translation) [COMPLETED]Donde viven las historias. Descúbrelo ahora