Chapter(7)_Unicode [Final]

3K 341 8
                                    

အခန်း(၇)-[ဇာတ်သိမ်း]

အဲ့ဒီညမှာ ထွက်ပြေးသင့် မပြေးသင့်ကို ငါသေချာစဉ်းစားနေခဲ့တယ်။ ယန်ရှောင်းဝူ ပြောတဲ့စကားတွေရဲ့ အဓိပ္ပာယ်ကို ငါသေချာစဉ်းစားကြည့်ပေမယ့် အကြိမ်တစ်ရာလောက် စဉ်းစားပြီးတာတောင် ပဟေဠိ ဖြစ်နေတုန်းပဲ

နောက်နေ့မနက်ရောက်တော့ မျက်ကွင်းညိုတွေနဲ့ ငါလေးဟာ ဆိုင်တံခါးတွေ ထဖွင့်ရတယ်။ တံခါးတွေ ဖွင့်ပြီးသွားတော့ ငါဆွံ့အသွားမိတယ်။

သိုးမွေးဝတ်ရုံကိုခြုံထားတဲ့ လူတစ်ယောက်က အပြင်မှာ ရပ်နေတယ်။ သူရပ်နေတာ ဘယ်လောက်ကြာပြီမှန်း ငါလည်းမသိဘူး။ သူ့ရဲ့ အနက်ရောင်ဆံပင်ပျော့ပျော့တွေပေါ်မှာ နှင်းပွင့်လေးတွေ ကပ်နေတယ်။ သူကတော့ တိတ်တဆိတ်ပဲ ငါ့ကိုကြည့်နေလေရဲ့။

"ခယ့်ကွမ်း(ဧည့်သည်)...အထဲကို ကြွပါ"

ငါ တံတွေးမြိုချပြီး နှုတ်ဆက်လိုက်တယ်။

ဆိုင်ရှင်က အပေါ်ထပ်ကနေ ဆင်းလာပြီး သူ့ကိုမြင်တော့ မှင်တက်နေတယ်။ ပြီးတော့ ခပ်သွက်သွက်ဆင်းလာပြီး ပြုံးရင်းပြောတယ်။

"ခန့်ညားတဲ့ လူငယ်လေး...အစာစားဖို့ လာတာလား...တည်းခိုခန်းမှာ ညအိပ်ပြီး တည်းမှာလား"

"ညအိပ်မယ်"

သူ့အသံက အက်ကွဲနေတယ်။

"အေးတာပျောက်ပြီး နွေးသွားအောင် ဝိုင်တစ်ပုလင်း ယူဦးမလား"

ဆိုင်ရှင်က ဖော်ဖော်ရွေရွေ မေးလိုက်တယ်။

"ကောင်းပြီ"

"ဟင့်အင်း"

ငါအလန့်တကြား ထအော်လိုက်တယ်။ မျက်နှာနှစ်ခုက ငါ့ဘက် ပြိုင်တူလှည့်ကြည့်လာတယ်။ ငါခပ်တိုးတိုးလေး ပြောလိုက်မိတယ်။

"အဲ့ဒါက နှလုံးကို ပူလောင်စေတယ်။ နင်က အရက်ဒဏ်လည်း ခံနိုင်တာ မဟုတ်တော့ မသောက်နဲ့"

"ဒါဆို ငါမသောက်တော့ဘူး"

သူကပြောရင်း ထိုင်ခုံတစ်ခုရှာပြီး ထိုင်ချလိုက်တယ်။

ဆိုင်ရှင်က ငါ့အနားကပ်လာပြီး ပုခုံးကိုပုတ်ရင်း တီးတိုးမေးလာတယ်။

Your Humble Servant is Guilty! (Burmese Translation) [COMPLETED]Donde viven las historias. Descúbrelo ahora