Arc (1)-14

6.8K 723 6
                                    

ရှောင်ဟု ရှု မိဘနှစ်ပါးနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေသည်။
သူပုံစံက ထန်းပင်ကြီးလိုမတ်နေပေမယ့်
ရိုကျိုးနေရတာကြောင့် ကန်လန့်ကြီးဖြစ်နေသလိုပဲ
ရှုမားမားက ဘာမျှမပြောသော်လည်း ရှုပါးပါးကမူ

"မောင်ရင်နဲ့ မိုင်မိုင်က သူငယ်ချင်းတွေမဟုတ်ကြဘူးမလား"

"ဗျာ~........."

ရှောင်ဟု *မရိုးသားစွာ အရိုးသားဆုံး*ပြောလိုက်သည်။

"ဟုတ်ပါတယ် ကျွန်တော်နဲ့ မိုင်မိုင်နဲ့က သူငယ်ချင်းတွေမဟုတ်ပါဘူး
ချစ်သူတွေပါ၊ "

"ဘယ်လောက်ကြာပြီလဲ"

"စတွေ့တာကတော့ ၂လထက်မနည်းကြာပါပြီ
ချစ်သူဖြစ်တာကတော့ မကြာသေးပါဘူး"

"မောင်ရင့်ရဲ့ အပြုအမူအပေါ် သတိထားမိရဲ့လား"

"အာ~ကျွန်တော် သူမလေးကို အမှန်တကယ် ချစ်မြတ်နိုးတာပါနောက်ပြီး ၊ ခုလို လာတွေ့ရတာလည်း မလေးမစားလုပ်တဲ့ရည်ရွယ်ချက် မရှိပါဘူး"

"မိုင်မိုင်အပေါ် မင်းဘယ်လောက် တာ၀န်ယူနိုင်သလဲ"

"မိုင်မိုင်သာ ခွင့်ပြုမယ်ဆိုရင်
တစ်ဘ၀ထက်ပိုပြီး တော့ပေါ့"

"ဘာလို့ ခွင့်ပြုသူက ငါတို့မဟုတ်ရတာလဲ"

"ဦးလေးတို့ ခွင့်ပြုပေမယ့်
မိုင်မိုင်သာ သဘောမကျရင် ကျွန်တော့် ချစ်ခြင်းက
အနိုင်ယူသလိုဖြစ်မှာစိုးလို့ပါ"

"မင်းစကားတည်ပါစေ ဒီညတော့အားကျွင်းအခန်းမှာအိပ်လိုက် မနက်၅နာရီကျရင်ပြေးမယ်"

"ဟုတ်ကဲ့"

တကယ်တော့ ရှုပါးပါးဟာ ရှုမားမားဘက်ကို
လှည့်ကြည့်လိုက်ပါသေးတယ် ရှုမားမားကခေါင်းငြိမ့်ပြမှသာ သူဒီအစီအစဥ်ကို လက်ခံတာဖြစ်တယ်။

တစ်လျှောက်လုံးစကားပြောနေသူက ရှုပါးပါးသာဖြစ်ပြီး ရှုမားမားကတော့ ထမင်းစား၀ိုင်းမှ ၔည့်ခန်းအထိ ဘာတစ်ခွန်းမှ ၀င်မပြောခဲ့ပါဘူး။
သူမဟာ အကဲခတ်သူတစ်ယောက်အနေနဲ့သာ ရှိခဲ့တာပါ။ ဘာလို့ဆို အမျိုးသမီးတွေဟာ သမီးမိန်းကလေးရဲ့ အိမ်ထောင်ဘက်နဲ့ ပတ်သတ်ပြီး
အကဲခတ်ကျွမ်းကျင်ကြသလို ဆဋ္ဌမအာရုံလည်း ရှိတာကြောင့်ပါ။ အမျိုးသားတွေကတော့ သူတို့ရဲ့
အနာဂတ်သားမက်တွေကို လိုက်လျောညီထွေဖြစ်စေဖို့ စကားပြောပေးရုံလောက်သာ အရေးပါကြလို့ပါ......

System~ ငါလေးက ကြာပန်းဖြူတွေကိုမုန်းတယ်(Book-1)Where stories live. Discover now