ထန်းမင်ရှ နှင်းပြာ၀ိညာဥ်ခန်းမကို လာရောက်လည်ပတ်နေသည်မှာ ရက်အချို့ကြာပြီဖြစ်သည်။ အပျင်းပြေစေရန်အလို့ငှာ လည့်ပတ်ကြည့်ရင်း ခန်းမ၏ တစ်နေရာက်ိုအရောက် ကျောက်စိမ်းညောင်စောင်းပေါ်တွင် လဲလျောင်းနေသော နတ်ဘုရားမလေးကိုတွေ့ရသည်။
သို့သော အခြားနတ်ဘုရားအစော့င်လေးရှိနေသဖြင့် မိမိအစွမ်းကိုသုံးကာ ခေတ္တမျှ အကြားအမြင်အာရုံတို့ကိုပ်ိတ်ထားလိုက်သည်။ရုတ်တရက်သူ့ပတ်၀န်းကျင်တွင် ထူးဆန်းသလိုခံစားလိုက်ရသော ရှန့်တစ်ယောက်
လှည့်ပတ်ကြည့်ပါသော်လည်း ဘာမျှပျက်ယွင်းနေခြင်းမရှိသဖြင့် နေမြဲသာနေလိုက်သည်။ထျန်းမင်ရှထိုနတ်ဘုရားမလေးအနီးသို့ သွားလိုက်သည်။ အပေါ်ယံအလင်းလွှာခြုံထသော်လည်း သူမ၏အသရေတို့ကို ဖျက်နိာင်ခြင်းမရှိပါပေ။
သူမသည် နှုတ်ခမ်းပါးတို့ကို တင်းတင်းစေ့ထားပြီး
မျက်ခုံးနှစ်ခုမှာ ဖြောင့်စင်းနေပေသည်။
ပါးမို့မို့တို့မှာ ပန်းရောင်သန်းနေသော်လည်း မျက်နှာတစ်ခုလုံးခြုံကြည့်ရလျှင် မြင့်မြတ်မှုရဲရင့်မှုတို့ကို ခံစားရစေသည်။မင်ရှ၏စိတ်ထဲတွင် သူမ၏မျက်နှာလေးကိုထိတွေ့ချင်စိတ် ဖြစ်မိသည်။
သို့သော် လည်းလွန်ဆွဲနေသည်။
ဘယ်အရာကိုမျှမစိုးရိမ်ဖူးသော ဇာမဏီနတ်ဘုရားငယ်လေးသည် ဤအရာက်ိုတော့လွန်စွာစိုးထိတ်လို့နေသည်။လူ၀င်စားနေစဥ်တစ်စုံတစ်ယောက်က
ထိကိုင်လိုက်ပါက နတ်ဘုရားခန္ဓာထဲသို့ ပြန်၀င်နိုင်မည်မဟုတ်ပေ။ ထို့အပြင်သုံးလောကနယ်နိမိတ်တွင် အဆုံးမဲ့သောလွင့်မျောခြင်းကို ရင်ဆိုင်ရပေမည်။ ချီတွင်းနက်များ၏ စုပ်ယူခြင်းကိုခံရပါက ပြန်၀င်စားနိုင်ခြင်းမရှိပဲ ထာ၀ရပျောက်ကွယ်သွားပေမည်ဖြစ်သည်။
သူသည်နတ်ဘုရားပေါကစလေးဖြစ်သော်လည်း အခြေခံလောက်ကိုတော့ သူသိထားလေသည်။
သို့သော် သူမသိလိုက်ခင်မှာပင် သူ၏လက်သည်
အလင်းလွှာနှင့် လွန်စွာနီးနေပြီဖြစ်သည်။ထိုအလင်းလွှာ၏ အရောင်ရိပ်သည်ပင်လျှင် မင်ရှ၏လက်ပေါ် ပြန်ဟပ်နေပေသည်။ မင်ရှ ထိုမျက်နှာလေး၏ နူးညံ့မှုကိုထိတွေ့မိချင်သည်။
ချောမွတ်နေမည်လား သိချင်မိသည်။ မလုပ်သင့်ဟူသော စိတ်ကလည်းလွန်ဆွဲလျက်နေသည်။
YOU ARE READING
System~ ငါလေးက ကြာပန်းဖြူတွေကိုမုန်းတယ်(Book-1)