ကျွမ်းယွဲ့ကတော့ အေးဆေးစွာပင်
"အရှင် ဒါက.........""သူတစ်ချိန်လုံးငါနဲ့အတူရှိနေတာ"
အယ်~~နတ်ဘုရားများအားလုံး ထပ်မံကာဆွံ့အရပြန်သည်။
သုံးလောကအရှင်ကရုတ်တရက်ပေါ်လာခဲ့သည်။
ထို့နောက် နတ်ဘုရားတစ်ပိုင်းမလေးကို
သူနဲ့တစ်ချိန်လုံးရှိနေသည်ဟုဆိလိုက်သေးသည်။ဟန်လျဲ့လည်းတောင့်သွားသည်။
တကယ်ပဲသူတို့တစ်ချိန်လုံးအတုရှိနေပေမယ့်
ဒါကြီးကထုတ်ပြောဖို့အဆင်မပြေဘူးလေ။
နောက်ပြီး သူမနန်းဆောင်မှာ သူနေနေတာလို့ပြောမှာတော့မဟုတ်လောက်ဘူးမလား~~"ကိုယ်တော်က သူမစီကအကူအညီယူနေရတာမို့
ကိုယ်တော်သူမနန်းဆောင်မှာ ခဏတည်းနေတယ်။
ဒီအချိန်အတောအတွင်းသူမဘယ်မှမသွားခဲ့သလို
သူမဘာမှမလုပ်ခဲ့ဘူး။ ကိုယ်တော်ရော ပုလဲပါသက်သေရှိိတယ်။
ဒီက်ိစ္စကို ကိုယ်တော်ကိုယ်တိုင် ကိုင်တွယ်မှာမလို့
စိတ်မပူပါနဲ့။ အခြားနတ်ဘုရားတွေအတွက်လည်း
ကိုယ်တော်တရားမျှတမှုရှာပေးမယ်။
ဟန်လေးပြန်ကြမယ်"မင်ရှသည် ဟန်လျဲ့လက်ကိုဆွဲကိုင်ကာ နေစကြာအဆောင်အတွင်းမှထွက်ခွာသွားလေသည်။
နတ်ဘုရားများကတော့ ကျောပြင်နှစ်ခုမြင်ကွင်းထဲမှပျောက်ကွယ်သွားမှသာ
သတိ၀င်လာကြလေသည်။ ဒါ ဒါတကယ်ကြီးဖြစ်ပျက်သွားတာပဲ ဟား~~~~နတ်ဘုရားအများစုကပျော်ရွှင်စွာအဆောင်အသီးသီးသို့ ပြန်သွားကြသော်လည်း ပန်းနတ်ဘုရားမ၊ လနတ်ဘုရားနှင့် စစ်သူကြီးရှဲ့တို့က မပြန်ကြသေးပေ။
ကျွမ်းယွဲ့လည်းသတိထားမိကာ
"တစ်ခုခုလျှောက်တင်ချင်လို့လား""အရှင်ခုနက ဇာမဏီနတ်ဘုရားဆိုတာ ယုံကြည်ရလို့လား။ နောက်ပြီး........."
လနတ်ဘုရားကလျှောက်တင်လေသည်။"တော်စမ်း လနတ်ဘုရားကကိုယ်တော်ကိုသံသယ၀င်တာလား
ဒီစကားသာ အရှင်ကြားရင်ဘယ်လိုဖြစ်မယ်ထင်သလဲ။
နောက်ပြီး သုံးလောကပုလဲရတနာဟာ နောက်ပြောင်စရာမဟုတ်ပေဘူး""ဟုတ်ကဲ့ပါ အရှင်"
"စစ်သူကြီးရှဲ့ဘာများလျှောက်တင်စရာရှိလဲ"
YOU ARE READING
System~ ငါလေးက ကြာပန်းဖြူတွေကိုမုန်းတယ်(Book-1)