*ကိုယ်ရောင်ကိုယ်၀ါတောက်ပနေတဲ့ ဇာတ်လိုက်ကရက်စက်လိုက်တာ*
[ရှောင်ဟွားကို ကျောက်ဟန်လျဲ့လို့သုံးပါတော့မယ်]
ကျောက်ဟန်လျဲ့ ကောင်းကင်ဘုံတံခါး၀ကို ၀င်ရောက်လာသည်နှင့် ထည်၀ါပြီး ကျောက်စိမ်းရောင်နဂါးနှစ်ကောင်ကတစ်ဖက်တစ်ချက်စီတွင် ပတ်ခွေနေကြသည်။ တိမ်တွေကြားက ရွှေရောင်တံခါးချပ်နှင့် ကျောက်စိမ်းရောင်နဂါးသည်
လွန်စွာပနံသင့်လှသည်။ထိုမှတစ်ဆင့်၀င်ရောက်လိုက်သောအခါ ကမ္ဗလာလို နူးညံ့တဲ့မြက်ပင်တွေပေါက်နေတဲ့ လမ်းသွယ်လေးကို မြင်ရသည်။ တစ်ဖက်တစ်ချက်စီတွင်တော့ မက်မွန်ပင်၊ ဘယ်ရီပင် ၊ ဆီးပန်းပင်စတဲ့အပင်လေးတွေက အစုလိုက်အစုလိုက်ပေါက်နေကြသည်။ မက်မွန်ပင်ပေါ်တွင် အနောက်ဘက်သို့ခရီးသွားခြင်း
ဇာတ်လမ်းတွဲထဲကလို အသီးအကြီးကြီးတွေကို
သွားရည်ကျဖွယ်မြင်တွေ့နေရသည်။အဟမ်း ငါလေးခနနေမှလာခူးစားမယ်
ခုတော့ လူတွေအဲလေ နတ်တွေအများကြီးရှိသေးတယ်[Host So ငတ်]
[ငတ်တာမဟုတ်ဘူး သည်းလေးရ
ပျော်ရွှင်မှုရှာဖွေတာလို့ခေါ်တယ်][သြော် သြော် ဟုတ်ပါပြီ]
ကောင်းကင်ဘုံကို ၀င်ရောက်ပြီး
မိမိတို့နန်းဆောင်အသီးသီးသို့ ပြန်သွားကြသည်။
ကျောက်ဟန်လျဲ့လည်း မူလကိုယ်ရဲ့မှတ်ဥာဏ်ကိုသုံးကာ မိမိအဆောင်သို့ သွားလိုက်သည်။မူကိုယ်မှာ စစ်နတ်မိစ္ဆာဖြစ်တာကြောင့် သူမနန်းဆောင်သည်ထင်သလောက် ပြင်ဆင်ခြယ်သထားခြင်းမရှိပေ။ ရိုးရှင်းသော မုဒ်တံခါးပေါက်တွင် နတ်သူငယ်နှစ်ပါးကစောင့်ကြပ်နေသည်။ သူမလာသည်ကိုမြင်တော့ ခေါင်းညွတ်ကာ အရိုအသေပေးကြသည်။ သူမလည်း အသိအမှတ်ပြုရင်း ခြံ၀င်းထဲသို့ ၀င်လာလိုက်သည်။သူမ၏ခြံ၀န်းထဲတွင်ပန်းပင်များအများအပြားရှိမနေပေ။ အပူပိုင်းဒေသတွင်ပေါက်တတ်သော တစောင်းပင်ကြီးများကို ယုယုယယစိုက်ပျိုးထသည်။
ထိုအပင်တို့မှပွင့်သော အပွင့်အချို့ကိုသာ ပန်းအဖြစ်မြင်တွေ့နိုင်သည်။ အခြားအပင်များရှိသော်လည်း အမည်ကိုတော့သူမမသိချေ။ သို့ပေမယ့် ထိုအပင်တို့သည် လှပသောပန်းများပွင့်ဖူးမည်မဟုတ်ဆိုသည်ကိုတော့ သူမသိသည်။ ဘာလို့ဆို မူလကိုယ်ကပန်းနတ်ဘုရားမကို လွန်စွာမုန်းတီးသည်လေ...............
YOU ARE READING
System~ ငါလေးက ကြာပန်းဖြူတွေကိုမုန်းတယ်(Book-1)