Arc(2.5)

4.8K 531 5
                                    

*ဒီလူငယ်လေးက တစ်ခန်းလွတ်နေတယ်*

ဟန်လျဲ့မရှိစဥ်အတောအတွင်းကောင်းကင်ဘုံသည် များစွာပြောင်းလဲနေခဲ့သည်။  ရွှေနီရောင်၀တ်စုံ၀တ်ထားသော နတ်ဘုရားငယ်တစ်ပါးကို ရံဖန်ရံခါတွေ့ရတတ်ပြီး
ထိုနတ်ဘုရားမည်သူဖြစ်သည်ဆိုတာက်ို
ကောင်းကင်မင်းကြီးကပင် အတည်တကျမဖမ်းနို၊နိုင်သေးပေ။ အဘယ်ကြောငိ့ဆိုသော် ထိုနတ်ဘုရားပေါက်စ၏ အရိပ်ကိုသာ သူတို့တွေဖမ်းမိ ၊ မြင်မိသောကြောင့်ဖြစ်သည်။  သူကသေချာပေါက်နတ်ဘုရားရော ဟုတ်လို့လား?

ထျန်းမင်ရှသည် နတ်ဘုရားအိုကြီးများ၏
ရှံု့တွနေသောမျက်နှာများကို အပင်မြင့်ထက်မှကြည့်ကာ လှောင်ရယ်နေသည်။
တစ်ချို့နတ်ဘုရားများသည်  နတ်သက်ကြာသော်လည်း အရေတွန့်ခြင်းမရှိဘဲ
နုပျိုမြဲဖြစ်သည်။ သို့သော် သူတို့၏မျက်နှာတွင် အလိုမကျမှုများ ၊ ရှုပ်ထွေးမှုများက ထင်ဟပ်နေသည်။

ထျန်းမင်ရှသည် လွန်ခဲ့သည့်နှစ်ပိုင်းကမှ ဖွားမြင်လာသည့် ဇာမဏီနတ်ဘုရားဖြစ်သည်။
သူ၏ကိုယ်ပိုင်နန်းဆောင်မှာ အခြားသူများနှင့်အလှမ်း၀ေးသော အရှေ့ဘက်မီးတောင်ဒေသတွင်ဖြစ်သည်။
သူ့တွင်နတ်မိဘများမရှိပေ။
ဇာမဏီသွေးစက်နှင့် အနှစ်တစ်သောင်း မီးတောင်ကြာပန်းတို့မှဖွားမြင်လာခြင်းဖြစ်သည်။

သူသည်ဤနတ်ပြည်တွင်စိတ်၀င်စားစရာ မယ်မယ်ရရမတွေ့ပေ။ ပန်းရောင်၀တ်စုံအမြဲ၀တ်တတ်သော ပန်းနတ်ဘုရားမလေးကိုတော့ သူသတိထားမိသည်။
သို့သော်လည်း သူမသည် အလွန်အားနွဲ့ပုံပေါ်သည်။
သူ၏မာနကြီးချက်အရ လှပပြီး အားနွဲ့သည့်အမျိုးသမီးများကို စိတ်၀င်စားရန်စိတ်ကူး သိပ်မရှိပေ။

ထျန်းမင်ရှသည် ပန်းနတ်ဘုရားမ၏ဥယျာဥ်အနီးသို့မကြာခနသွားလေ့ရှိသော်လည်း အခုနောက်ပိုင်းတွင် သွားချင်စိတ်မရှိတော့ပေ။  သူယခုလည်ပတ်ရန်ကျန်သောနေရာမှာ
နှင်းပြာ၀ိညာဥ်အဆောင်နှင့် မဥ္ဇူတောင်ကုန်းသာကျန်တော့သည်။ ယခုတော့
အပျင်းပြေစေရန် မဥ္ဇူတောင်ကုန်းသို့သွားရန်
ဆုံးဖြတ်လိုက်သည်။

မဥ္ဇူတောင်ကုန်းသည် နတ်အတော်များများမသွားသောနေရာဖြစ်သည်။
ထိုနေရာသည်လှပသော်လည်း မာယာများသည်ဟုဆိုကြသည်။
ထိုနေရာတွေမည်သို့သောနက်နဲမှုမျိုးရှိနေသည်ဟု
သူတို့တွေမသိသော်လည်း လည်ပတ်ရန်ကြောက်ရွံ့နေကြသည်။
သို့သော် ထျန်းမင်ရှကတော့ စူးစမ်းရတာကြိုက်သော
နတ်အမွှေစိန်တစ်ယောက်ဖြစ်လို့နေသည်။
ထို့ကြောင့် မဥ္ဇူတောင်ကုန်းသို့သွားရန်
ကြံရွယ်လိုက်ပြီး အပင်မြင့်ပေါ်မှ အလင်းအလျင်ဖြင့်
ပျောက်ကွယ်သွားတော့သည်။

System~ ငါလေးက ကြာပန်းဖြူတွေကိုမုန်းတယ်(Book-1)Where stories live. Discover now