ရင်းမိုင်နှင့်ရှောင်ဟု ရေစိမ် အဲလေ ရေပတ်ဆော့ပြီး
မောသွားလေရာ ငါးဖမ်းရန်ပြင်ကြတော့သည်။
ရှောင်ဟုက အနီးနား ကျူရုံမှ တစ်ပင်ကို ခုတ်ယူလိုက်ပြီး ငါးဖမ်းဖို့လွယ်ကူစေရန်
တစောင်းခုတ်လိုက်သည်။ ပြီးမှ ရင်းမိုင်စီသို့
ပြန်သွားလေသည်။ထို့နောက် ငါးစဖမ်းကြလေသည်။
ရင်းမိုင်ကတော့ ရှောင်ဟုရဲ့ ရှပ်အကျအဖြူနှင့် ဇကာလုပ်ကာ ဖမ်းရန်ကြိုးပမ်းနေလေတော့သည်။
တကယ်တော့ အဲ့ဒီအင်္ကျီဟာ ယွမ်၃၀၀၀၀ထက်မနည်းတန်ပါတယ်။ဒါပေမယ့် ရင်းမိုင်လက်ထဲမှာတော့ ငါးဖမ်းဇကာလေးပါပဲ။(ယွမ် ၃၀၀၀၀=၅၈သိန်းကျော်ပါ
I wantရှူးဂါးဒယ်ဒယ် ဗြဲ)ရင်းမိုင်နဲ့ ရှောင်ဟု ကြိုးစားပမ်းစား
ငါးဖမ်းပြီးတဲ့အခါ အလတ်စားငါးသုံးကောင်နဲ့
ငါးအကြီးတစ်ကောင်ဖမ်းမိလေတယ်။
အဲ့ဒီတော့ ရင်းမိုင်တစ်ယောက် ငါးကင်စားဖို့အရေး
ပျော်ရွှင်တက်ကြွစွာ ပြေးလွှားလေတော့တယ်။အောက်ကချောနေတဲ့ကျောက်တုံးနဲ့ ရင်းမိုင်ခြေထောက်ဟာ မိတ်ဆက်ရင်း လဲကျသွားပါတော့သည်။
"အားရိုး ငါ့ခြေထောက် နာသွားပြီ
ရှောင်ဟု ရေ ရှောင်ဟုလို့
ငါ့ခြေထောက်လေးနာသွားပြီ အဟင့် အဟင့် "ရှောင်ဟုက ငါးတွေကိုသယ်ပြီး အရင်တက်သွားခဲ့သည်။ သို့ပေမယ့် သူ သူမလေးရဲ့အသံ ကြားကြားချင်းပဲ
အပြေးလေးလှမ်းလာလိုက်သည်။ သူတွေ့လိုက်ရတာက
ရေတွေစိုရွှဲပြီး ဆံပင်တွေတစ်စုတစ်စုကပ်နေတဲ့မျက်နှာငယ်လေးနဲ့
ချောင်းစပ်နားမှာ လဲနေတဲ့သူမလေးကိုတွေ့လိုက်ရတယ်။
မျက်လုံးအစပ်နားလေးက နီနေပြီး
သူမလေး နာလွန်းလို့ ငိုနေလေရဲ့။ဒီမြင်ကွင်းကိုကြည့်ပြီး
သူ့နှလုံးသားတစ်ခုလုံး စုတ်ပြတ်သတ်တော့မလို ခံစားလိုက်ရတယ်။ရှောင်ဟု အမြန်ပြေးသွားပြီး သူမလေးနားထိုင်ချလိုက်တယ် သေချာကြည့်လိုက်တော့ ခြေကျင်း၀တ်က နီနေပြီ ခြေကျင်း၀တ်လည်သွားတာဖြစ်လောက်မယ်။ဒါကြောင့် ခေါင်းအနောက်ကို လက်တစ်ဖက်ကထိန်းကိုင်ပြီး ဒူးခေါင်းနှစ်ဖက်အောက် လက်လျို၀င်ကာ ပွေ့ချီလိုက်တော့ အလိုက်သင့်ပါလာပြီး ရင်းမိုင် ရှောင်ဟုရဲ့လည်ပင်းကို လှမ်းဖတ်လိုက်တော့သည်။
YOU ARE READING
System~ ငါလေးက ကြာပန်းဖြူတွေကိုမုန်းတယ်(Book-1)