ဟန်လျဲ့မုန့်စားနေရင်းမှ ထျန်းမင်ရှအနားတွင်မရှိသည်ကို သတိထားမိကာ
Systemနှင့် စကားစလိုက်သည်။[System ငါလေးတို့မုန့်စားနေချိန် တစ်ခုခုဖြစ်သွားသေးလား]
သူမသည်ယခုတလောတိတ်ဆိတ်လွန်းနေသော
Systemကိုမယုံသင်္ကာဖြစ်လာသဖြင့်မေးလိုက်သည်။[hostတစ်ခုခုတော့ဖြစ်သွားတယ်။
ဒါက...........................]
System၏အသံဆုံးသည်နှင် ဟန်လျဲ့မျက်လုံးပြူးရတော့သည်။
ဒီမြေကမ္ဘာစည်းမျဥ်းဆိုတာကြီးက အမြှောက်စာဗီလိန်လေးရဲ့လမ်းကြောင်းကို တစ်ဖက်လှည့်နဲ့ တွန်းပို့နေတော့တာပဲ။
သူမလည်းဘာမှမလုပ်ရပါဘဲနဲ့လေ~~~[ဆိုတော့ငါက ဇာတ်လိုက်မရဲ့မျက်နှာဖုံး ခွာပေးရတော့မှာပေါ့]
[ဒါပေါ့~ ]
[အိုး ဟုတ်ပါပြီ ငါ့အတွက်အမှတ်ကဘယ်လောက်လဲ]
[Spaceထဲရောက်မှသိရပါမယ်။
လောလောဆည်တော့ တာ၀န်လေးထမ်းဆောင်လိုက်ပါဦး]သူမသည်နဂိုကျောက်ဟန်လျဲ့မဟုတ်တော့ချေ။
အမြှောက်စာ ဗီလိန်နေရာလေးကိုမရလိုပေ။
မကြာမီဖြစ်လာမည့် ပြပွဲအတွက်သူမပြင်ဆင်ထားလိုက်သည်။
ဟူး~~ငါလေးမိဘတွေနဲ့တွေ့ရဖို့ တာ၀န်မြန်မြန်ပြီးရမယ်။ကျွမ်းယွဲ့သည်သူ၏နန်းဆောင်တွင် လက္ဘရည်သောက်ကာစဥ်းစားနေသည်။
မိစ္ဆာစွမ်းအင်များသည် အားပျော့သည်ကိုခံစားမိသော်လည်း
နတ်ဘုရားစွမ်းအင်များကပါ၀င်နေပြန်သည်။
ထို့ကြောင့်သူစဥ်းစားလိုက်မိသည်က...............နေစကြာအဆောင်တွင်
နတ်ဘုရားများစုရုံးရောက်ရှိနေကြပြီး တစ်ယောက်တစ်ခွန်းဖြင့် အငြင်းပွားနေကြသည်။
သူတို့သည်မိစ္ဆာစွမ်းအင်များကို အာရုံခံမိသော်လည်း မည်သူဟု တိတိပပမစဥ်းစားတတ်ပါချေ။လနတ်ဘုရားနှင့် စစ်သူကြီးရှဲ့တ်ို့သည်စိုးရိမ်ဟန်ရှိနေကြပြီး
သူတို့၏မျက်၀န်းများထဲတွင်တော့ အင်မတ်ိအင်မတန်ပျော်ရွှင်နေမှုများကိုတွေ့ရသည်။နေစကြာခန်းမတွင်နတ်ဘုရားအတော်စုံနေပြီဖြစ်သည်
နတ်ဘုရားမလေးများ၏ အလှသည်စာဖွဲ့မမီနိုင်သကဲ့သို့ နတ်ဘုရားများ၏ချောမောမှုသည်လည်း ဖော်ပြမရနိုင်ပေ။ ထိုနေစကြာခန်းမကြီးသည်
အရောင်အသွေးစုံလင်လှသော ပန်းခင်းကြီးနှင့်ပူတူလွန်းလှသည်။
သို့သော်တစ်ပါးသောနတ်ဘုရားမလေးသည်
ယခုထက်ထိရောက်မလာသေးပေ။
YOU ARE READING
System~ ငါလေးက ကြာပန်းဖြူတွေကိုမုန်းတယ်(Book-1)