ဟန်လျဲ့ ရှန့်ဟူသော နတ်အစေအပါးနောက်ကိုလိုက်သွားသည် ။ ခြေလှမ်းအတော်များများလျှောက်ပြီးချိန်တွင်
အဆောင်တစ်ခုလံုးနှင်းများဖုံးလွှမ်းနေပြီး အပြာရောင်အလင်းများဖြင့် ဖုံးအုပ်နေသည်။
သူမသည်ကျောက်စိမ်းကုတင်ကြီးတစ်ခုပေါ်တွင်လှဲအိပ်လိုက်သည်။ ရှန့်က လက်မြှောက်လိုက်ပြီး ငွေရောင်အလင်းတန်းတို့လည်ပတ်စေလိုက်သည်။
ထို့နောက် ဟန်လျဲ့ခန္ဓာကိုယ်မှ အဖြူရောင်အငွေ့တန်းလေးထွက်သွားပြီး
တောအုပ်တစ်နေရာသို့ ၀င်ရောက်ပျောက်ကွယ်သွားတော့သည်။
သေချာသည်ကတော့ ရှန့်သည် နတ်ဘုရားတစ်ပိုက်းမလေးပြန်မလာမချင်း နှင်းပြာ၀ိညာဥ်ခန်းမတွင်သာ နေထိုင်ရတော့မည်ဖြစ်သည်။ဟန်လျဲ့ တစ်စုံတစ်ခုနှင့်တိုက်မိသည်ကို ခံစားလိုက်ရသည်။ ထို့နောက်သိလိုက်သည်က သူမယခု လူတစ်ယောက်၏ကိုယ်ထဲတွင်၀င်စားနေပြီဟူ၍သာ။ယခင်ခန္ဓာကိုယ်၏ မှတ်ဥာဏ်များမှာ
သူမအသိဥာဏ်ဆီသို့ ၀င်ရောက်လာကြသည်။ယခုခန္ဓာကိုယ်မှာ ကျောက်မျိုးရိုးဖြစ်ပြီး အမည်မှာ ဟန်လျဲ့သာဖြစ်သည်။ ဒါဆိုသူမတို့ နာမည်တူကြသည်။ မူလကျောက်ဟန်လျဲ့သည် ကျောက်အိမ်တော်၏ အငယ်ဆုံးသမီးဖြစ်ပြီး သူမကသိပ်ကိုလှပသည်။ သို့သော် သူမ၏မိထွေးက
သူမသည်စုန်းမဟု သွေးထိုးကာ တောအုပ်ထဲတွင် စွန့်ပစ်စေခဲ့သည်။ သူမသည်အားနည်းသောသခင်မလေးဖြစ်သော်လည်း
မည်သို့အသက်ရှင်နေထိုင်ရမည်ကိုသိသေးသည်။ ထို့ပြင် သူမသည်၀ါးအိမ်ကလေးတစ်လုံးကိုတွေ့ထားသည်။
ကံကောင်းစွာနဲ့ ထိုအိမ်လေးမှာ ပိုင်ရှင်မရှိပေ။
ထို့ကြောင့် မူလကိုယ်ကထိုအိမ်လေးတွင်သာနေကာ
သီးနှံပင်များ စိုက်ပိျုးထားသည်။ ယခုဆေးပင်များသွားခူးရင်း တောင်စောင်းမှ ပြုတ်ကျလာကာ မေ့နေခြင်းဖြစ်သည်။
ထိုခန္ဓာထဲတွင် မိမိ၀င်နေစဥ် လူသားကျောက်ဟန်လျဲ့၏ ၀ိညာဥ်သည် သုံးလောကနယ်နိမိတ်တွင် အနားယူနေလိမ့်မည်။ ထို့ပြင် မိမိ၏ နတ်သူငယ်များကလည်း စောင့်ရှောက်ပေးထားလိမ့်မည်။ မိမိကောင်းကင်ဘုံသို့ပြန်ချိန်တွင် မူလကိုယ်ကပြန်၀င်လာပေလိမ့်မည်ဖြစ်သည်။
YOU ARE READING
System~ ငါလေးက ကြာပန်းဖြူတွေကိုမုန်းတယ်(Book-1)