Arc(1)-8

7.8K 843 15
                                    

နေ့ရက်များ တရွေ့ရွေ့ကုန်ဆုံးလာခဲ့ပြီး
ဆောင်းဦးရာသီ အားကစားပွဲသည် မနက်ဖြန်တွင်စတင်တော့မည်။
ပြိုင်ပွဲအချိန်မှာ တစ်ရက်သာဖြစ်ပြီး
အနိုင်အရှုံးကိုတော့ ဒိုင်များကဆုံးဖြတ်ပေးမည်။
ကျောင်းတွင်ပြိုင် ပွဲမျှသာ ဖြစ်သော်လည်း
ပြင်ဆင်ထားသည်က အဆင့်မြင့်ကစားပွဲများလိုပင်~~

ပိုက်ဆံရှိတဲ့ကျောင်းက တကယ်ကိုပဲကောင်းတယ်။
ရင်းမိုင်မနက်ဖြန်အတွက် လိုအပ်သည့် ပစ္စည်းများကို
ဌာနသို့ သွားယူရမည်ဖြစ်သည်။
မေဂျာဆောင်မှာ လေးထပ်ဆောက်ဖြစ်ပြီး တစ်ထပ်တွင် ၁၀ခန်းရှိသည်။ သုံးခန်း တစ်ဖြတ်လှေကားခြားထားပြီး တစ်ခန်းထဲ ကွဲထွက်နေသည့်အခန်းကတော့ အထပ်တစ်ထပ်တွင် သင်ကြားရသော ဆရာ၊ ဆရာမများ၏နားနေခန်းဖြစ်သည်။

မိမိတို့တစ်ဆောင်ထဲတွင်ပင် ကျောင်းသားပေါင်း
၂၀၀၀ကျော်ရှိပြီး ဆရာ၊ ဆရာမ ၃၀၀နီးပါးရှိလေသည်။ အခြားမေဂျာများပါ စုပေါင်းလိုက်ပါက ဤနိုင်ငံသည် လူဦးရေအတော်များကြောင်း သိနိုင်လေသည်။

ရင်းမိုင်အပေါ်ဆံုးအထပ်ကို တက်သွားလိုက်သည်
သီးသန့်ခန်းတွင် စာရင်းပေးကာ ထုတ်ယူရမည်ဖြစ်သော်လည်း
ရောက်တုန်းရောက်ခိုက် ခေါင်မိုးထပ်၏ အလှအပကိုခံစားကြည့်ချင်သေးသည်။
လေးထပ်၏ အပေါ်ထပ်သည် အထပ်တစ်၀က်ဖြစ်ပြီးရှုခင်းကြည့်နိုင်ရန်
၀ရန်တာလေးလဲ ထားရှိသည်။

အခြားနေ့များတွင် လူရှုပ်လေ့ရှိသော်လည်း ယနေ့တွင်
အားကစားပွဲတော်အတွက် လူတိုင်းအလုပ်ရှုပ်နေသဖြင့် အပေါ်ထပ်သည် ရှင်းလင်းနေမည်မှာ အသေအချာဖြစ်သည်။မိမိလာစဥ်လမ်းတစ်လျောက်တွင်လည်း
မည်သူ့ကိုမျှမတွေ့ခဲ့ရပေ ။ ထို့ကြောင့်
ရုံးခန်းသို့မ၀င်မီ အပေါ်ထပ်သို့တက်လာခဲ့သည်။

********

ချင်းရှောင်ဟု Sယူနီဗာစီတီသို့ မနက်စောစော ရောက်နေသည်။ အကြောင်းမှာ ချစ်လှစွာသော ကျောင်းအုပ်ကြီးက နားပူနေခြင်းကြောင့်ဖြစ်သည်။
ဤတက္ကသိုလ်မှာ မိဘနှစ်ပါး ဆုံတွေ့ရာဖြစ်သလို
မိမိပညာသင်ကြားခဲ့ရာလည်းဖြစ်သည်။
ထို့ပြင် မိဘနှစ်ပါး၏ အစုရှယ်ယာများရှိနေပြီး၊ မိမိထံလွှဲအပ်ပေးထားသောကြောင့်
မရှိမဖြစ်ဆိုကာ ကျောင်းအုပ်ကြီးကခေါ်ထားခြင်းဖြစ်သည်။

System~ ငါလေးက ကြာပန်းဖြူတွေကိုမုန်းတယ်(Book-1)Hikayelerin yaşadığı yer. Şimdi keşfedin