Chapter 4(uni)

466 27 0
                                    

_______
နှစ်အနည်းကြာသော်

တီးတောင်……

"ငယ်......……ငယ်လား"

တခါးဖွင့်ဖွင့်ချင်း ကျနော်ကိုမြင်လိုက်တော့စက္ကန့်ပိုင်းလောက် အံ့ဩသွားပုံပဲ
တကယ်ကိုခနလေးပဲ
ကျန့်ကောကို စက္ကန့်မလပ်ကြည့်‌နေတဲ့ကျနော်တောင်ထင်ယောင်ထင်မှားမှတ်ရလောက်အောင်ထိကိုခနလေးပဲ။

လက်မောင်းကိုစောင့်ဆွဲပြီးခန်းကိုဆွဲခေါ်လိုက်တယ်။အရမ်းကို ကြမ်းတမ်းလွန်းတယ်

"ကျန့်ကော....."

ဖြောင်းးးးးးးး

"ကော!!!!!!"

"ပျော်နေလား ဟင်ပျော်နေလားလို့"

"ကော…........"

"ဘာလို့ငါ့ဆီပြန်လာနေသေးတာလဲ
ဟမ်!!!
ဟမ်လို့!!"

အကျီကော်လံကိုလက်ထဲတွင် တင်တင်းကျပ်ကျပ်ဆုတ်ကိုင်ကာအော်မေးနေတဲ့ကျန့်ကောက တကယ်အရိုင်းဆန်တယ်။ပူထူသွားတဲ့ပါး ပြင်နဲ့တဆက်ထဲ နှလုံးသားကိုပါအစိမ်းလိုက်ခွဲခံလိုက်ရသလိုပဲ။

သူက ပြောပြီးလက်ကိုလွှတ်ကာဆိုဖာပေါ်မှာထိုင်နေလိုက်တယ်။ မျက်ခုံးနှစ်ခုကထိဆက်မတန့်တွန့်ချိုးနေပြီး ဒေါသကိုထိန်ချုပ်နေဟန်ပေါ်တယ်။တုန်လှုပ်နေတဲ့ခြေထောက်တွေကို အသာထိန်းချုပ်ရင်း ကျန့်ကောရှေ့ကဆိုဖာပေါ်မှာထိုင်လိုက်သည်။

"ကျန့်ကော…"

"ပြောပါအုံးဘယ်တွေသွားပြီး ဘာတွေလုပ်နေတုန်းဆိုတာ…"

အခုမှကျနော် ကိုယ်ပေါ်ကရဲဝတ်စုံကိုမြင်သွားပုံပေါ်သည်။မျက်ခုံးတစုံကပို ပြီးတွန့်ချိုးလာကာ လက်သီကိုကခပ်တင်းတင်းဆုပ်ထားသည်။စိတ်လွှတ်လိုက်တာနဲ့ ရှေ့ကလူသားကို ဝါးစားမမတန့်ပဲ။

ထားခဲ့ပြီးထွက်သွားတုန်းကသူမဟုတ်တဲ့အတိုင်း အခုမျှမျက်နှာငယ်လေးလုပ်နေတဲ့ရိပေါ်ကြောင့်ရှောင်ကျန့်ပြောလိုက်သည်။

"တော်ပြီ မသိချင်ဘူး ငါ့ကျုဆန်ကျင်ဖို့ဆုံးဖြတ်လိုက်ပုံပဲ"

ပြောရင်းဖြင့်ထလာကာ ရိပေါ်ဆီကိုတဖြည်ဖြည်းကပ်လာသည်။အနားရောက်တော့ အကျီကိုဆွဲကာ‌ဆက်ပြောသည်။

VVIP(ရပ္နား)Where stories live. Discover now