"ငါနေ့ဝက်လောက် နားလိုက်မယ်"
"....."
"အွန်း"
ရိပေါ်ခွင့်တိုင်လိုက်ပြီးပြန်လှဲနေလိုက်တယ်။ အရင်လို ပျော့ညံ့တဲ့သူမဟုတ်ဘူးလို့ ခံယူထားပေမယ့် ကျန့်ကောနဲ့ ပက်သက်ရင် နဲနဲလေးမှ ခံနိုင်ရည်မရှိဘူး။
ရေစိမ်ထားလို့ ခန္တာကိုယ်က နဲနဲ အဆင်ပြေလာပေမယ့်။ စိတ်ကို နဲနဲအနားပေးချင်သေးတယ်။
......
"ဆရာဝမ် ဒီမှာ."
"ဟူးး ငါသွားပြောမယ်"
ရောက်ရောက်ချင်း ယွိပင်း ပြောလိုက်တဲ့အကြောင်းကြောင့်ချက်ချင်း ပြေးရသည်။
"ဆရာ ဒါကဘာဖြစ်ရတာလဲ"
"စစ်ဆေးရေးမှုးဝမ် ငါနဲ့စကားနဲနဲပြောကြရအောင် ထိုင်ပါအုံး"
ရိပေါ်ဆိုဖာပေါ် ဝင်ထိုင်တော့ ထိုသူကပါ အလုပ်စားပွဲမှထကာ ဝင်ထိုင်သည်။
"ဒီတိုင်းပဲထားလိုက်ကြရအောင်"
"ဘာလို့လဲ
ဒါက ကျွန်တော်တို့ တာဝန်ယူထားတဲ့အပိုင်းမှာ ဖြစ်တာလေ ဘာလို့ သူတို့ဆီလွှဲရမှာတုန်း"နောက်ဆုံးတော့လည်း ရိပေါ်ပဲ ရှုံးခဲ့ပါတယ်။ 'ကျော်သွားလိုက်ရအောင်'ဆိုတဲ့ သူအထက်လူကြီးရဲ့ စကားအောက်မှာပဲ ကိရှုံးခဲ့တယ်။
ရိပေါ် စိတ်မကြည်တာကြောင့် သစ်ပင်အောက်မှာ တယောက်ထဲ ထိုင်က ကော်ဖီသောက်ရင်း အတွေးချဲမိတယ်.။
သူကျန့်ကော နောက်ကြောင်းကို တော်တော်များများ စုံစမ်းခဲ့သည်။
အရင်သိခဲ့အတိုင်းပဲ ဘာမှထွေထွေထူးထူးမရှိခဲ့ဘူး။
ဒါပေမယ့် လူသတ်မှုတွေကတော့ ကျန့်ကောနဲ့ အမြဲစပ်ဆက်နေတာချည်းပဲ။ပထမတခု ကျန့်ကောရဲ့ ပြိုင်ဘက် လုပ်ငန်းရှင်တယောက် သတ်သေတဲ့အမှု။ ကျန့်ကောဆီက ထွက်လာစေခဲ့တဲ့အမှု။ သေတန်းစာမှာ သူလုပ်ခဲ့တဲ့ ဒုစရိုက်မှာတွေ အကုန်ဝန်ခံသွားခဲ့တာ ။ အရမ်းထူးဆန်းတယ်။ နောက်ပြီး သူသတ်မသေခင် အရင်ညက သူ့မိန်မနဲ့ သမီးပြန်ပေးဆွဲ ခံခဲ့ရတဲ့ ကိစ္စ။
ကြည့်တာနဲ့ရှင်နေတာပဲ။
သတ်သေသွားတာမဟုတ်ဘဲ လူသတ်မှုပဲကို။

ESTÁS LEYENDO
VVIP(ရပ္နား)
Fanfic💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙 Zhanyi fanfiction !Warning! ❗ Starting date : 25.5.2020