Chapter 6(uni)

436 29 0
                                    

တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်မှာရေကျသံကဆူဆူညံညံထွက်ပေါ်နေသည်။ ရေပန်းအောက်မှာထိုင်နေတဲ့ကောင်လေးတယောက်ရဲ့ ငိုသံတွေကိုတောင်ဖုံးလွမ်းနေသည်။

ကောတကယ်မရည်ရွယ်ခဲ့ပါဘူး
ကောခနလောက်ရူသွားခဲ့တာနေမှာ
ခနလေး အသိစိတ်လွတ်သွားခဲ့ယုံပါ
ကောမင်းကို တာကျင်စေဖို့လုံးဝကိုမရည်ရွယ်ခဲ့တာပါ

စိတ်ထဲကနေ ‌ဖြေရှင်းချက်တွေပြောနေမိသည်။အ‌ပြင်က အိပ်ယာပေါ်မှာမော့မြောနေတဲ့ကောင်းလေးကတော့ကြားနိုင်မည်မဟုပ်ချေ။ ရေပန်းအောက်မှာထိုင်နေတာ သုံးနာရီလောက်ကြာပြီ။ အရမ်းသန်မာတဲ့ ရှောင်ကျန့်မဟုပ်ဘဲ အရင်ကလိုနူးနူးညံ့ညံ့ ယုန်သေးသေးလေးရှောင်ကျန့်အဖြစ် ဒူးလေးကိုပိုက်ကာငိုနေမိသည်။

အဝတ်တခုဝတ်လိုက်ပြီး အိပ်ခန်းထဲကထွက်ကာ အခန်းတခုထဲကိုဝင်လိုက်သည်။စောနက အရမ်းဝမ်းနည်းနေသည့် အရိပ်အယောင်မှာ တစိုးတစိမျှမရှိဘဲ ခန့်မှန်းရခက်လောက်တဲ့ မျက်နှာတခုအဖြစ် ပြောင်လဲနေသည်။

နေရောက်ခြည်နုနုက ကာရဲထားတဲ့မှန်ကနေတဆင့် အခန်းထဲသို့ဖြာကျနေသည်။ သာယာတဲ့ မနက်ခင်းလေးဖြစ်ပေမယ့် အိပ်ယာထက်မှ နိုးထလာတဲ့ ရိပေါ်အတွက်တော့ မုန်းစရာအကောင်းဆုံးဖြစ်နေခဲ့သည်။

မေ့မြောနေသည်အထိ ဖြစ်ခဲ့တာတောင် ဒီတိုင်းပစ်ထားခဲ့ရက်သည့် ကျန့်ကောကို မမုန်းမိတဲ့ကို့ကိုကိုသာ မုန်းမိဆော့သည်။ ကျန့်ကောအခုထိ ခွင့်မလွှတ်နိုင်သေးတာလား ဆိုတဲ့မေးခွန်းက သေလောက်အောင်နာကျင်ရသည်။

ဒါထက် လုံးဝကိုမုန်းနေခဲ့တာလား လို့မတွေးမိအောင်ပင်မနဲထိန်းနေရသည်။ တကယ်လို့ကျန့်ကောသာ မုန်းနေခဲ့ရင် သတ်သေမိမလားဘဲ။ အတွေ‌းတွေတခုပြီးတခု နိုပ်စက်နေ၍ မျက်ရည်ပေါက်တို့က အဆက်မပြတ်စီးကျလာသည်။ ရင်ထဲမှာ အရမ်းမွန်းကျပ်လွန်းလို့ အသံထွက်ကာ အော်ဟစ်ငိုမြည်မိတော့သည်။

"အား!!!!!!!!!"

အခန်းထဲက ‌ကောင်လေးရဲ့ငိုသံက နံရံတခြပ်သာခြားတဲ့ အခန်းလေးထဲထိပြန့်သွား‌ခဲ့သည်။ ရိပေါ်ရှိတဲ့အခန်းဘက်နံရံ
ကို မှီကာ အသံတိတ်ငိုကြွေးနေမိသည်။

VVIP(ရပ္နား)Donde viven las historias. Descúbrelo ahora