ကျန့်ကော....…
ကျန့်ကော....
ကော....
ဘာသံတွေလဲ ပုံရိပ်တွေက မထင်ရှားပေမယ့် ဒီအသံကိုတော့ မှတ်မိနေသေးတယ်။
ကျန့်ကောအသံ
ကျန့်ကော ဘာဖြစ်နေတာလဲ
အသံက အရမ်းနာကျင်နေသလိုပဲ
တယောက်ယောက်ကို အကူအညီတောင်းနေသလိုများရင်ဘက်တခုလုံးနာကျင်နေတာပဲ
ကျန့်ကောရဲ့ နာနာကျင်ကျင်အော်နေတဲ့ အသံက ကျွန်တော် နှလုံးသားကို အရှင်လက်လက် ခွဲထုပ်နေသလိုပဲ။"ကျန့်ကော!!!!!!!!!!!!!!!!!!!!!!"
"ဘာတုန်း မနက်အစောကြီး"
ရေချိုးခန်းထဲ ကနေ ခေါင်းကို သဘတ်နဲ့ သုတ်ရင် ထွက်လာတဲ့ ကျန့်ကောက ဆီးပြောတယ်။
"အာ ... "
"အစောကြီးပဲ ရှိသေးတယ် ပြန်အိပ်ချင် အိပ်အုံး"
"ဟင်အင် မအိပ်တော့ဘူး" အိပ်ရင် စောနကလို အိပ်မက်တွေကို မက်နေအုံးမယ်။
"ကျန့်ကော..."
"အွန်း..."
ဗီရိုထဲ ကနေ အကျီရွေးရင်း ပြန်ဖြေတယ်။"ကျွန်တော် ထွက်လိုက်တော့မယ် ရဲအဖြစ်ကနေ"
ရှောင်ကျန့်ရဲ့ လှုပ်ရှားနေတဲ့ လက်တွေက စက္ကန့် ပိုင်းလောက် ရပ်တန့်သွားသည်။
"ကျွန်တော် ကျန့်ကော ဘေးမှပဲ ရှိချင်တယ်
ကျန့်ကော မကြိုက်တာဘာမှမလုပ်ဘူး
အဲ့ဒါကြောင့် ကျွန်တော်ကို ယုံကြည်ပေးမယ် မို့လား ဟင် အားလုံးကို ပြောပြပြီတော့လေ"ရှောင်ကျန့် အကျီ ကို ဟန်မပျက် ဝတ်နေရင်း တချက်ပြုံးလိုက်သည်။ သေချာပေါက် ရိပေါ်ကို ခနဲ့တဲ့ အပြုံးပေါ့။
"အာ.. အွန်း စဉ်းစားကြည့်မယ်"
..........
"ဟောက်ရွှမ်း ငါလေ အကုန်လုံးကို လက်ရှော့ချင်နေပြီ
တခါတလေ ဖြစ်ပြီစတာလဲ ဖြစ်ပြီးပြီလေ လို့တွေးမိတယ်
ငါအကုန်လုံးကို လက်ရှော့ပြီး တယောက်ယောက်နဲ့ အဝေးကို ထွက်ပြေး ချင်တယ်""..........."
"လုပ်စရာရှိတာ လုပ်တော့"
"ဟုပ်"
ရှောင်ကျန့် တနေ့လုံး ရိပေါ်ပြောခဲ့တဲ့ စကားကိုပဲ ပြန်တွေးနေမိတယ်။
........
"ဒီနေ့ ကို့ ကောင်လေးက စိတ်နဲ့ လူနဲ့မကပ်ပုံပဲ "
ကားပေါ် တက်သွားတဲ့ ရှောင်ကျန့်ကို ကြည့်ပြီး တစုံတယောက်က ညည်းတွားလိုက်တယ်။
တော်ရုံပဲ လုပ်စမ်းပါ မင်းဖြစ်တာလဲ ဖြစ်ခဲ့ပြီမဟုတ်လား သူ့ကို လွှတ်မပေးနိုင်သေးဘူးလား။"ဟုပ်ပါ့ ကိစ္စတွေပြီး တာတောင် သူ့ကို လွှတ်ပေးချင်စိတ်မရှိသေးဘူး"
"မင်း အခုထိ ရှောင်ကျန့်ကို မမေ့နိုင်သေးဘူးကိုး"
ပုခုံးကို ပိုတ်ခါ ဘေးနားက တယောက်က ထသွားသည်။ ဦးထုပ်ကို ခပ် ငိုက်ငိုက်ဆောင်းပြီး မျက်နှာပေါ်က အမာရွတ်ကို ဖုံးကွယ်ရင်း ထွက်သွားသည်။
......
"ပြော သူတို့ ဘယ်မှာလဲ"
"......"
"ကျစ် စိတ်တိုလိုက်တာ မင်းဖြေရင် ငါသက်ညာဖို့ စိတ်ကူးပေးမယ်
ဟင်.
ဘယ်လိုလဲ""...."
"မင်းမှ ပါးစပ်မပါဘူးလား!!!!"
"ဆရာရှောင်း ............."
"အွန်း သိပြီ ဟောက်ရွှမ်း သူ့ကိုရှင်းလိုက်တော့ "
ကျယ်လောင်စွာအော်ဟစ်သံတခုနဲ့အတူ ဂိုထောင်တခုလုံးဆူညံသွားသည်။ ရှောင်ကျန့် သက်ပြင်းတချက်ချလိုက်ပြီး ကားသော့ယူကာ တယောက်ထဲထွက်လာခဲ့သည်။
လက်စသတ်ကြတာပေါ့
မြန်မြန်......
21.11.2020
စာရေးချင်စိတ် အကြီးအကျယ်ပျောက်ဆုံးနေလို့ ရေးချင်အောင် သတိလေးပေးကြပါအုံး😩
YOU ARE READING
VVIP(ရပ္နား)
Fanfiction💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙 Zhanyi fanfiction !Warning! ❗ Starting date : 25.5.2020