Chapter 9 (Uni)

257 22 7
                                    

အခုတလော ရိပေါ် အလုပ်တွေရှုပ်နေခဲ့တာ။
အဲ့ဒီည‌နောက်ပိုင်း ရှောင်ကျန့်နဲ့မျက်နှာချင်း ဆိုင်ဖို့ကိုခက်လာတယ်။
ညဘက် အိမ်ချိန်လောက်ပဲ
ဒါတောင် တခါတလေ ရှောင်ကျန့်က ညလုံးပေါက်အလုပ်လုက်နေတတ်တယ်။

ရှောင်ကျန့် ရုံးပိတ်ရက် အခန်းထဲမှာပဲ အလုပ်လုပ်နေတယ်။
ထိုင်ရတာကြာလာတော့ ခါးကနာလာတယ်။ ထပြီး ခါးလေးဘာလေး ဆန့်ရင်း မီစဖိုထဲကို လာလိုက်တယ်။ ‌ရေခဲသေတ္တာထဲက ရေဘူးတဘူးကိုထုပ်ပြီးသောက်နေတုန်းမှာပဲ ဖုန်းဝင်လာတယ်။

"အွန်း."

"သဌေးလေးရှောင်း
မကောင်းတော့ဘူး"

တီးတောင်...

ပြောနေတုန်းပဲ ဘဲလ်တီးသံကြားလို့ ဖုန်းကိုချပြီးထွက်ခဲ့လိုက်သည်။
တံခါးကို ဖွင့်လိုက်တော့ ရိပေါ်ကိုမြင်လိုက်ရသည်။

"ရိပေါ်?"

နောက်မှ သတိထားမိတယ် ရိပေါ်နောက်က လူလေးငါးယောက်ပါတာပဲ
ရိပေါ်က အိပ်ကပ်ထဲက ပိုက်ဆံအိပ်ကို ထုပ်ကာ ရှောင်ကျန့် မျက်နှာရှေ့ထားလိုက်သည်။

"ဌာနခွဲ........ရဲ့စစ်ဆေးရေးမှုး ဝမ်ရိပေါ်ပါ
လူသတ်မှုတွေရဲ့ သံသရရှိသူအဖြစ် ဖမ်းဆီးပါတယ် ရှေ့နေဌားပိုင်ခွင့် ရှိပြီး..."

"ခန!
ဝရမ်းပါလား?"

ရှောင်ကျန့်ကာဆိုတော့ ရိပေါ်က နောက်ကတယောက်ကို မေးငေါ့ပြသည်။
နောက်ကတယောက်က စာရွက်တခုကို ဖိုင်တခုထဲကနေထုပ်ပြီး အပေါ်ကိုမြှောက်ပြသည်။

ရှောင်ကျန့် ခေါင်း တချက်ငြိမ့်ပြီး ရိပေါ်ကို လှည့်ကြည့်သည်။

ရှောင်ကျန့်အကြည့်တွေကို မခံနိုင်တဲ့သူကတော့ မျက်နှာလွှဲထားလေရဲ့။

ရှောင်ကျန့် လက်နှစ်ဘက်ကို ပူးကာ ရိပေါ်ရှေ့ကိုတိုးပေးသည်။

ရိပေါ်ရှောင်ကျန့် လက်ကို လက်ထိပ်တခုနဲ့ခပ်လိုက်သည်။

"ငါ့ကိုဖမ်းလိုက်တာ ငယ်လေး မင်းနော်"

ရှောင်ကျန့် ရိပေါ်နားနားကပ်ကာ ပြောလိုက်သည်။ နောက်ပြီး ရိပေါ်ကိုျာ်ပြီး ‌သွားလိုက်သည်။

VVIP(ရပ္နား)Donde viven las historias. Descúbrelo ahora