Part 2

499 70 2
                                    

Zawgyi:

ရဲမာန်ခတစ်ယောက် သူ့အခန်းလေးထဲတွင် အင်္ကျီများကို တစ်ထည်ပြီးတစ်ထည် ထုတ်ကြည့်ပြီး ဝတ်ထားသော Sky blue ရောင် ဂျင်းဘောင်းဘီနှငိ့ လိုက်မလိုက် တွဲဖက်ကြည့်နေသည်။

နောက်ဆုံးမှ လိုက်မည်ထင်သည့် အဖြူရောင် တီရှပ်လေးကို ဝတ်ကြည့်ပြီး အိမ်အောက်ထပ်သို့ အမြန်ပြေးဆင်းသည်။ လက်တွင်လည်း တခြားအနက်ရောင် တီရှပ်လေးကိုလည်း ကိုင်လာသေးသည်။

"မေမေရေ....မေမေ!"

"မီးဖိုချောင်ထဲမှာ ငရဲရေ"

အသံလာရာ မီးဖိုချောင်လေးသို့ ပြေးသွားလိုက်ပြီး

"မေမေ! ခုဝတ်ထားတဲ့ အဖြူနဲ့လိုက်လား။ ဒီအမဲနဲ့ လိုက်လား။ အမဲကကျ နဲနဲ အိုဗာများ ဖြစ်နေမလားနော်"

"ငရဲရယ်...။ နင်အင်္ကျီတွေ လဲနေတာ ဘယ်နထည် ရှိနေပြီလဲ။ ပြီးရင် အောက်ဆင်းပြီး မေးရတာလဲ အမော။ နင့်အစား ငါပင်ပန်းလိုက်တာ"

"မေမေပဲ ပင်ပန်းတာ သား မပင်ပန်းသေးဘူး။ ပြောပါ။ ဘယ်ဟာပိုလိုက်လဲလို့"

"ကျွတ်မှ မကျတာ။ လိုက်တယ်။ လိုက်တယ်"

"မေမေ......"

အသံရှည်စွဲက ချွဲတော့ ဟင်းအိုးမွှေနေရာမှ ရပ်ပြီး ဒေါ်သက်ထားဝေ သားဖြစ်သူကို တည့်တည့် ကြည့်လာသည်။

"ပြောစမ်း...။ speaking သင်တဲ့ ဆရာမကို ကြိုက်နေတာလား။ အဲ့တာကြောင့် တက်တာလား"

"မေမေကလည်း....။ ယောက်ျားလေးဗျ။ သင်ပေးမဲ့လူက"

"မသိဘူးလေ။ နင်က ဒီလောက်ပြာယာခတ်နေတာကို။
အဖြူနဲ့ပဲလိုက်တယ်။ တည်ငြိမ်တယ်။ ပြီးတော့ ဘောင်းဘီ အရောင်လေးနဲ့လည်း လိုက်တယ်။ ထပ်မလဲနဲ့တော့။ ဒီတိုင်းသွား"

"သေချာတယ်နော်"

"အေး...အေး..."

"ဟီး....။ အာ့ဆို သားသွားတော့မယ်နော်"

"ဟဲ့...။ ဘယ်ချိန်ပြန်လာမှာတုန်း"

"ပြီးတဲ့ချိန်ပေါ့ဗျ"

"ဘယ်တော့မှ တိတိကျကျမရှိဘူး"

ဒေါ်သက်ထားဝေ သားဖြစ်သူကို လှမ်းပြောရင်း အလိုမကျဟန်ဖြင့် ခေါင်းတစ်တွင်တွင်ခါလိုက်သည်။ ထို့နောက် ဟင်း အိုးလေးကိုသာ ဆက်မွှေနေလိုက်တော့သည်။

My Cherished Person (Mini story)Where stories live. Discover now