ဇာတ်သိမ်းပိုင်းp-1(ဇာတ်သိမ်းပိုင်း)

472 58 0
                                    

Zawgyi:

>>>လွန်လေခဲ့သော တစ်နှစ်ကျော်အချိန်ဆီသို့<<<

(""......""  ထဲမှ စာများသည် အင်္ဂလိပ်လိုပြောခြင်းဖြစ်ပာသည်)
     
       ဒီနေ့ foreigner အသိအကိုတို့ မိသားစု အလည်လာ၍ မန္တလေးမြို့ရဲ့ နေရာအနှံ့ကို လိုက်ပြပေးရန် တာဝန်ပေးခြင်းခံရခဲ့သည်။

ဒီအကိုနဲ့က လွန်ခဲ့တဲ့ သုံးနှစ်လောက်တည်းက သင်တန်းကျောင်းတစ်ခုမှာ စုံခဲ့တာ။ လုပ်ဖော်ကိုင်ဖက်အချင်းချင်းအရမ်းကူညီတတ်ပြီး ဆက်ဆံရေးကောင်းလွန်းတဲ့လူတစ်ယောက်လေ။ သူက စီနီယာ ကျွန်တော်က ဂျူနီယာဆိုတော့  ကျွန်တော်မသိသေးသော ဗဟုသုတတွေ စာသင်နည်းတွေ အစုံစုံဝေမျှခဲ့ပြီး အကူညီပေးခဲ့သေးသည်။

ထိုအချိန်တုန်းက သတ်မှတ်ရက်နှင့် အမြန်လာသင်ပေးရသည့် ဆရာတစ်ယောက်မို့ ဘယ်ကိုမှ မသွားဖြစ်။ သင်တန်းမှာပဲ အချိန်ကုန်ခဲ့ရှာတာ..။

      သူပြန်သွားပြီး သိပ်မကြာ သူ့မိန်းကလေးနဲ့ အိမ်ထောင်ကျသွားပြီလို့ ကြားခဲ့တယ်။ နောက်တော့ ဘယ်လောက်မှ မကြာဘူး သားလေးမွေးတယ်တဲ့။  အခုတစ်ခေါက်က သူ့သားလေးနဲ့အတူ မြန်မာပြည်လာလည်မှာတဲ့လေ။ အကိုတစ်ယောက်လို ဖြစ်နေသူမို့ အလုပ်တွေဖြတ်ပြီး လိုက်ပို့ပေးမယ်ဟု ပြောခဲ့သည်။

   သူတို့တည်းတဲ့ ဟိုတယ်မှာ သွားခေါ်တော့ ကလေးလေးက ရွှေရောင်ဆံပင်တွေနှင့် ပားဖောင်းဖောင်းချစ်စရာလေးပင်။ ကလေးငယ်ကလည်း စတွေ့ထဲက 'စီစီ စီစီ' နဲ့ ပါးစပ်ဖျားက မချဘဲ ကပ်နေတော့သည်။ ခွန်းစည်သာဆိုတဲ့ နာမည်က သူ့အတွက် ခေါ်ရခက်သည်လေ။

      မန်းလေးတောင်ကို ညနေမှ တက်မှ လှတာလို့ ပြောလည်းမရ။ ကလေးငယ်က တောင်ပေါ်သွားမယ်ပဲ အတင်းပူဆာနေတော့ မန်းလေးတောင်သာ ဦးစွာ သွားဖြစ်ကြသည်။

      မန်းလေးတောင်တက်လမ်း အတက်တွင် ကျွန်တော့်တို့ကားရှေ့က ဇွှတ်ဖြတ်ပေးသည့် ကောင်လေးနှစ်ယောက်။ တစ်ယောက်က သူတို့သား ဝတ်စုံနဲ့ တစ်ယောက်ကလည်း ခဲရောင် ပိုးသားအင်္ကျီ၊ ပိုးပုဆိုးနှင့်။ ထိုကောင်လေးလည်း မင်္ဂလာပွဲတက်မည့်ပုံစံပင်။

My Cherished Person (Mini story)Onde histórias criam vida. Descubra agora