Zawgyi:
"ဒါဆို အကို့ကို ကျွန်တော်ချစ်တယ်"
"ဟမ်!!"
မိမိမျက်ဝန်းများအား တည့်တည့်ကြည့်ကာ ချစ်ရေးဆိုခံရသောကြောင့် ခွန်းစည်သာ မျက်ခုံးလေး ပင့်ကာ မျက်ဝန်းများလည်း ဝိုင်းစက်လျှက်။ နှုတ်ခမ်းလေးဟာလည်း ခပ်ဟဟဖွင့်လျှက်။ နားထိပ်ကလေးတွေဟာလည်း နီလျှက်။ ဖြူလွလွပါးလေးဟာလည်း ရဲတက်လျှက်နှင့် ရဲမာန် ကို တအံ့တသြ မော့ကြည့်နေလေသည်။
ခွန်းစည်သာ၏ မျက်ဝန်းတို့ကို သေချာစိုက်ကြည့်ကာ အဓိပ္ပာယ်တို့အား ရှာဖွေနေရင်း နှုတ်ခမ်းလေး တင်းတင်းစေ့ပြီး ပါးချိုင့်လေးတစ်ဖက် နစ်ဝင်အောင် ပြုံးလိုက်သည်။ အောင်နိုင်သူတစ်ယောက်၏ အပြုံးကဲ့သို့...။
"အကို့ကို မြတ်နိုးတယ်။ သိပ်မြတ်နိုးတယ်"
"ဟမ်!!"
ထပ်မံ အံ့သြသံလေးပြုလာသည့် ခွန်းစည်သာ၏ ပုခုံးအား တယုတယကိုင်ရင်း ခေါင်းလေးနိမ့်ကာ လေသံတိုးတိုးလျလျဖြင့်ဆိုလိုက်သည်။ အခုမှ လေပြင်းနုနုကြောင့် ဖြစ်ပေါ်လာသော သစ်ရွက်ပွတ်တိုက်သံတို့ဟာလည်း နောက်ခံသံစဉ်လေးများကဲ့သို့....။
"ချစ်ခြင်းတရားထက် မြတ်နိုးခြင်းဟာ ပိုလေးနက်တယ်လို့ ကျွန်တော် ခံယူထားတယ်။ ဒီကမ္ဘာပေါ်မှာ ကျွန်တော် အမြတ်နိုးရဆုံးသော သူက အကိုတစ်ယောက်ထဲပဲ.."
"ဟမ်...."
"အကို နားပင်းနေလား...။ ဒီက romatic ဆန်ဆန်ပြောနေတာကို တ ဟမ် ဟမ်နဲ့ ဖျက်ဆီးရေး လုပ်နေတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်တော်ဘက်က ဖွင့်ပြောပြီးပြီမို့ အံ့သြမနေတော့ပဲ အကို့ဘက်က တာဝန်ကျေအောင် အဖြေပြန်ပေး....""ဟမ်!" "ဟမ်!!"
ခွန်းစည်သာ "ဟမ်!"တော့မည်ကို သိ၍ ရဲမာန်ဦးစွာ 'ဟမ်!' လိုက်ခြင်းဖြစ်သည်။
မိမိအား ချစ်ရေးဆိုပြီး နားပင်းနေလား ဟုပြောလိုက် ပြောင်လိုက် လုပ်နေသော ရဲမာန်အား နှုတ်ခမ်းလေးဆူ၍ မျက်စောင်းလေးထိုး လာသည်။
ရဲနေတဲ့ပါးလေးတွေ နီနေတဲ့နားလေးတွေ အံ့သြနေသည့် မျက်ဝန်းတွေ ဆူထွက်နေသော နှုတ်ခမ်းတွေ နှင့် မျက်စောင်းထိုးဟန်လေးမှာ ရိုးရိုး ချစ်ဖို့ကောင်းခြင်းမဟုတ် ခန့်ခန့်ညားညားကို ချစ်ဖို့ကောင်းနေတာ။ ဝတ်ထားတဲ့ စတစ်ကော်လံအဖြူလေးနှင့် ယောပုဆိုးလေးရဲ့ အရှိန်ကြောင့်နဲ့များလား...။
ESTÁS LEYENDO
My Cherished Person (Mini story)
Historia CortaZawgyi: 'ရိုးရှင်းခန့်ညားမင်း' ထဲက Supporting roleဖြစ်တဲ့ 'ရဲမာန်ခ' ရဲ့ အချစ်ဇာတ်ကြောင်းလေးပါ။ အနေအေးပြီး ဆရာလည်းဖြစ်တဲ့ ကိုကို ခွန်းစည်သာကို ရဲမာန်ခ ဘယ်လို flirt မလဲ ဆိုတာ ဖတ်ရှူပေးကြပါနော်.... _/\_ Unicode: 'ရိုးရှင်းခန့်ညားမင်း' ထဲက Supporting r...