Zawyi:
ယနေ့ welcomeပွဲသွားဖို့ ရဲမာန်ကိုပါ အဖော်ခေါ်ထားသည်မို့ ခွန်းစည်သာတစ်ယောက် တိုက်ခန်းအောက်မှာ အရှေ့လျှောက် အနောက်လျှောက်နှင့် ရဲမာန်အလာကိုစောင့်နေရှာသည်။
အဖြူပေါ်တွင် အမဲရောင် မျဉ်းသေးသေးလေးတွေ အနည်းငယ် ယှက်ပြေးနေသည့် ရှပ်အင်္ကျိလက်ရှည်လေးကို စတိုင်ဘောင်းဘီလေးနှင့် တွဲ၍ ဝင်ဆင်ထားပြီး ရှူးဖိနပ်အနက်လေးကိုလည်း စီးထားသည်။ အင်္ကျီစကို ဘောင်းဘီထဲ ထည့်ုပြီး အသားရောင် ခါးပတ်လေးကို ပတ်ထားသေးသည်။ အမြဲ နဖူးပေါ် ဝဲကျနေသည့် ဆံစနုနုတို့ကိုလည်း သပ်သပ်ရပ်ရပ် ဖြီး၍ သပ်တင်ထားသေးသည်။
စောင့်နေရသည်မှာ အတောင်ပင် ကြာသည်မို့ မျက်နှာကလေးပင် ဆူပုတ်ပုတ်ဖြစ်နေပြီ။ အောင်သူရ ပစ္စည်းတွေလာယူကတည်းက အပေါ်ပြန်မတက်တော့ပဲ အောက်မှာသာ တစ်ခါတည်းစောင့်နေခြင်းဖြစ်သည်။ အောင်သူရနှင့် လိုက်သွားလည်း ရသည်ကို ရဲမာန်က အတူသွားမည်ဟု ဆိုထားသဖြင့် မလိုက်သွားဖြစ်....။
ရဲမာန်ကို စောင့်ရင်း အင်္ကျီလက်လေးတင်ကာ ရှေ့လျှော်နောက်လျှောက် လျှောက်လှမ်းနေသည်ကို ထိုတိုက်ကလူတွေကတော့ ခွန်းစည်သာ မော်ဒယ်ရှိုးလျှောက်နေသည်ဟု ထင်မှာ အသေချာပင်...။
မိနစ်အနည်းငယ်အကြာ ရပ်စောင့်နေရင်းမှ တိုက်ရှေ့သို့ ရဲမာန်၏ ကလစ် ဆိုင်ကယ်လေး ရောက်လာခဲ့သည်။
တီရှပ်အမဲလေးအပေါ်တွင် အမဲရောင် ရှပ်အင်္ကျီလေးကို အပေါ်ထပ်အဖြစ် ဝတ်ဆင်ကာ ဂျင်းအမဲရောင် ဒူးပြဲ ဘောင်းဘီလေးနှင့် တွဲဖက်ဝတ်ဆင်ထားပြီး ဘွတ်ဖိနပ်အဖြူလေးကို စီးနင်းထားသည်။
ရဲမာန်ဆိုင်ကယ်လေးရပ်ကာ ဆိုင်ကယ်ဦးထုပ်မှ မှန်လေးကို မတင်ပြီး သူ၏ ထူးခြားမောင် (ခ) ဝလုံးလေး (ခ) လူ့ဂွစာလေး (ခ) အကို ကို ခြေဆုံးခေါင်းဆုံးကြည့်တော့သည်။
"ဝိုး......။ လုံးဝ Gentleman "
"သူ့နေရာနဲ့သူဝတ်ရတယ်ကွ။ ဘာလို့ နာရေးအိမ်သွားသလို အမဲတွေချည်း ဝတ်လာတာလဲ..."
"ဖက်ရှင်လေ ဖက်ရှင်..."
မျက်ခုံးလေး ပင့်ကာ ပခုံးမှ အင်္ကျီစလေးကို မြှောက်ကာ မြှောက်ကာ ဆိုတော့ ခွန်းစည်သာ မျက်စောင်းလေးထိုး၍

BINABASA MO ANG
My Cherished Person (Mini story)
Short StoryZawgyi: 'ရိုးရှင်းခန့်ညားမင်း' ထဲက Supporting roleဖြစ်တဲ့ 'ရဲမာန်ခ' ရဲ့ အချစ်ဇာတ်ကြောင်းလေးပါ။ အနေအေးပြီး ဆရာလည်းဖြစ်တဲ့ ကိုကို ခွန်းစည်သာကို ရဲမာန်ခ ဘယ်လို flirt မလဲ ဆိုတာ ဖတ်ရှူပေးကြပါနော်.... _/\_ Unicode: 'ရိုးရှင်းခန့်ညားမင်း' ထဲက Supporting r...