Zawgyi
"ကိုယ်အောက်မှာရောက်နေပြီ ဆင်းခဲ့တော့..."
ဖုန်းတစ်ဖက်ကနေကြားလိုက်တဲ့အသံကြောင့် အိပ်ရာပေါ်က
နေထလိုက်ပြီ ဗီဒိုထဲကနေဝတ်စရာရှာလိုက်သည်။လူကအစ
တည်းကခပ်ပျင်းပျင်းမို့ ကြိုပြင်ဆင်လေ့မရှိ။"အင်း...ခဏစောင့်ဦး ပြီးရင်ဆင်းလာခဲ့မယ်"
အဝတ်တွေကိုလက်တစ်ဖက်ကကိုင် ဖုန်းကိုနားရွက်နဲ့ပုခုံးကြားမှာညှပ်ရင်း ကုတင်နားကပြတင်းပေါက်ကိုလှမ်းဖွင့်လိုက်
သည်။အောက်မှာမြင်နေရတဲ့သူ့ကိုလက်လှမ်းပြပြီး အချက်ပေးလိုက်သည်။ညဝတ်အင်္ကျီဝတ်ထားတာကို သေချာပေါက်မြင်
လိုက်မှာမို့ ဘယ်လောက်စောင့်ရမလဲဆိုတာကိုသိလောက်ပြီ။"အကြာကြီးလုပ်မနေနဲ့ ဟိုရောက်ရင်ပြင်ဆင်ပေးဦးမှာ"
"ပြီးရော အဲ့ဒါဆိုဆင်းလာပြီ"
ဖုန်းကိုချလိုက်ပြီး အဝတ်တွေကိုသေချာဝတ်ကာသွားဖို့ပြင်လိုက်သည်။
"ဟဲ့...ညဘက်ကြီးဒါကဘယ်သွားမလို့တုန်း"
"ဒီလိုပဲ...အဖေညဆိုင်းရှိတယ်မလား သော့ထားခဲ့ဦးနော်
သမီးသွားပြီ"မိုးချုပ်နေပြီဆိုပေမယ့် အရင်တည်းကပြောမရဆိုမရဖြစ်လွန်း
တဲ့သမီးကြောင့် သူဘာမှမပြောမိ။ပြောလည်းနားနဲ့ပဲနားထောင်ပြီးလုပ်ချင်တာလုပ်နေကြပဲ။"ညည်းအဲ့လိုကျပ်ကျပ်လုပ်နေ ဆုန်းနာရယ် အဖေပြောတာတွေနားမထောင်ရင်ဒုက္ခရောက်မယ်!!"
ခပ်ပြုံးပြုံးပဲသူ့ကိုလက်ပြရင်းထွက်သွားတဲ့သမီးဖြစ်သူကိုကြည့်
ရင်း သက်ပြင်းချမိသည်။မိတဆိုးလေးမို့အလိုလိုက်ထားမိတာ
သန်မာတယ်လို့မြင်ရပေမယ့် အတွင်းစိတ်ရင်းကိုတော့အဖေ
ကလွဲပြီးဘယ်သူမှမမြင်နိုင်တာမို့ စိတ်ထင်ရာတွေလုပ်ရင်း
ဘေးဖြစ်မှာကိုစိုးရိမ်မိသည်။.
.
.
.
"အဝတ်မြန်မြန်သွားလဲလိုက်...ပြီးရင်ဟိုအခန်းထဲမှာစောင့်နေမယ်"
