Chapter 5💜

7.2K 861 32
                                    

ညှို့မျက်ဝန်း

Chapter 5💜



"ငါမေးနေတာ ဖြေလေ"

ဘယ်ကစဖြေရမှန်းမသိသလို သူဘာလို့ဒေါသထွက်နေတာလဲဆိုတာ Jiminမသိ!

"ကျစ်!"

ဘာမှမေးမရတဲ့ အသေးလေးကိုကြည့်ပြီး Jungkook ဒေါသထွက်ရပါသည်။
ဘာကြောင့်ထွက်ပေါ်လာမှန်းမသိတဲ့ သူ့ဒေါသကိုလည်းမသင်္ကာဖြစ်မိတာကြောင့် ရှေ့ဆက်ဘာမှမပြောဖြစ်တော့။

ဒီတိုင်းရပ်နေတဲ့ Jiminကိုဆွဲခေါ်ပြီးကားပေါ်တင်ကာ အိမ်ကိုသာပြန်ခဲ့လိုက်သည်။

*****

"ကျွန်တော်အဲဒီ့မှာပဲစောင့်နေတာပါ"

"ဘာ?"

အပေါ်တက်ဖို့လုပ်နေတုန်း Jiminလှမ်းပြောတဲ့စကား...

"သူတို့ကတခြားနေရာမှာသွားစောင့်ဆိုလို့"

"ဘယ်သူကလဲ?"

လှေကားကနေတစ်ထစ်ချင်းပြန်ဆင်းလာပြီး Jimin ပြောတာကိုအာရုံစိုက်၏။

"အဲ့ကလူတစ်ယောက်က တံခါးပိတ်မှာမို့လို့တခြားမှာသွားစောင့်နေတဲ့"

"မင်းကဘယ်သူဆိုတာ သူတို့ကိုမပြောပြဘူးလား?"

"ဟင်?"

"မင်းကငါ့အလုပ်သမားဆိုပြီး သူတို့ကိုမပြောပြလိုက်ဘူးလားလို့"

"ဟင့်အင်း..."

"ဟင်းးးးးးးအဲ့ဒါကြောင့်ကိုး...။မင်းဘယ်သူမှန်းမသိလို့မောင်းထုတ်ကြတာ ..၊ ငါ့နာမည်ပြောလိုက်ရင်ပြန်တောင်လိုက်ပို့ဦးမှာ"

"နာမည်မပြောရဘူးဆို"

"ဟမ်?"

"နာမည်ကိုမပြောနဲ့လို့ပြောထားတယ်လေ"

"ငါကလား... ဘယ်တုန်းကလဲ?"

Jimin ဘာမှဆက်မပြောဘဲ မျက်နှာငယ်လေးဖြစ်သွားတော့မှ Jungkookမျက်မှောင်ကုတ်ပြီးတစ်ခုခုကိုစဥ်းစားလိုက်သည်။

"အာ... မင်းပြောတာငါသိပြီ။... ငါကငါ့နာမည်ကိုပဲမခေါ်ခိုင်းတာပါ အခုလိုအခက်အခဲကြုံရင်တော့ပြောပြလို့ရပါတယ်.. ၊ငါကနိုင်ငံကျော်လေ လူတိုင်းသိတယ်"

 ညှို့မျက်ဝန်း   (Z+U) ~ ( Completed )Where stories live. Discover now